နွေရာသီကာလတွင် သတိပြု လုပ်ဆောင်သင့်တဲ့ အချက်များ
25-Feb-2017
နေရောင်ခြည် အရှိန်ပူပြင်းတဲ့ရာသီ ရောက်လာပါပြီ။ တစ်နေ့ထက်တစ်နေ့ ပိုပူနွေး လာပြီး စိတ်ကသိကအောက် ဖြစ်လာခြင်းနဲ့အတူ သင့်နေ့စဉ်နေထိုင်မှုပုံစံကိုလည်း အနည်းငယ် ညှိဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်း လုပ်ဆောင်သင့်တဲ့ အချက်တချို့ ကို ဖော်ပြပေးလိုက်ပါတယ်။
အစားအသောက်ကို ရွေးချယ်တတ်ပါစေ
နွေရာသီက အစာအဆိပ်သင့် အန္တရာယ်နဲ့ တခြား အစားသောက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿ နာတွေကို သယ်ဆောင်လာတတ်ပါတယ်။ မိမိကိုယ့်ကိုယ် ဒီရောဂါများနဲ့ ကင်းဝေးစေဖို့ အိမ်ချက် အစားအစာများသာ စားပေးပါ။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ် တဲ့ ရွေးချယ်စရာတွေ ရှိနေတဲ့အချိန်မှာ လမ်းဘေးအစားအစာတွေ မှီဝဲစားသုံးပြီး ကိုယ့်ကိုယ်ကို နာမကျန်းဖြစ်အောင် ဘာကြောင့် လုပ်ရမှာလဲ။
သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များစားပါ
အပြင်စာတွေ စားမယ့်အစား သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။ အသုတ် စားတာ ရပ်ရမယ့် အချိန်ရောက်ပါပြီ။ အာသာပြေစေတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားကြည့်ပါ။ ရေဓာတ် ဖြည့်တင်းပေးပါလိမ့်မယ်။ ရေဓာတ်ထိန်းသိမ်းဖို့ သန့်ရှင်းလတ်ဆတ် တဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။
ရေအလုံအလောက် သောက်ပါ
ကျန်းကျန်းမာမာ ဖြစ်နေဖို့ အဓိကသော့ချက်က လုံလောက်တဲ့ ရေပမာဏသောက် သုံးခြင်းပဲ ဖြစ်ပါတယ်။
တစ်နေ့ ရေနှစ်ခါချိုးပါ
တစ်နေကုန်အလုပ် ပင်ပန်းပြီး ရထား၊ ဘတ်စ်ကားစီးပြီးနောက် ပြန်လည် လန်းဆန်းစေနိုင်တဲ့ တစ်ခုတည်းသော အချက်က ရေချိုးခြင်းပဲ ဖြစ်ပါတယ်။ သန့်သန့်ပြန့်ပြန့်နေထိုင်ခြင်းက လူကို လန်းဆန်းသွက်လက်စေရုံမက ရောဂါဘယတွေမှ ကင်းဝေးစေမှာ ဖြစ်တယ်။
နေပူခံလိမ်းဆေး သုံးပါ
အသားနေလောင်ခြင်းမှ ကာကွယ်ပါ။ အပြင်ထွက်တိုင်း နေပူခံလိမ်းဆေး (sun screen) လိမ်းပေး ပါ။ နောက် နေရောင်ထိတတ်တဲ့ နေရာတိုင်းကို လိမ်းပေးပါ။ မျက်နှာကိုတော့ ချန်ထားရပါ မယ်။
အဝတ်အစားကို အမြော်အမြင်ရှိရှိ ရွေးချယ်ပါ
အနက်ရောင်ကိုတော့ ခေါင်းထဲက ခဏမေ့ထားပါ။ အရောင်ဖျော့ဖျော့လေးတွေ ဝတ်ကြည့် ပြီး ကသိကအောက် ဖြစ်စေနိုင်တဲ့ သားရေ၊ အိစက်တဲ့ဟာတွေ နဲ့ တခြား အထည်သားတွေ ခဏမေ့ထားပါ။ နေသာထိုင်သာဖြစ်အောင် ချည်သားတွေ ဝတ်ဆင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: ဖိုးသူတော်
Trend Myanmar