Print

ပွေး၊ ညှင်း၊ တင်းတိတ်

  10-Aug-2018
Preview Image

ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့အလှပျက်၊မျက်နာပြရခက်ပါတယ်။ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့မြန်မာ့ရိုးရာလိမ်ဆေးလိမ်းကြည့်ပါ။ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။


ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ပြီးရင် ကြွေပုဂံလုံထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ 
သင့်ရဲ့ ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ဝက်ခြံဖုကို လိမ်းပေးပါတစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီးအိပ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။ မယုံမရှိပါနဲ့။ လက်တွေ့ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီး လက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။

Ref:
ဒေါ်စိုး 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18