ဒူးမည်းတာ ဖြူအောင်လုပ်နည်း
11-Aug-2018စကတ်တိုတို၊ ဘောင်းဘီတိုတိုလေးတွေ ဝတ်တဲ့အခါ ဒူးခေါင်းတွေ
မည်းနေရင် မိန်းကလေးအတော်များများစိတ်ရှုပ်ရပါတယ်။ ဒါကြောင့် ဒူးမည်းတာတွေ သက်သာဖို့အတွက်
အိမ်မှာလုပ်ကြည့်နိုင်တဲ့ နည်းလေးတွေ မျှဝေပေး လိုက်ပါတယ်။
အိမ်မှာသံပရိုသီးအလွယ်တကူရှိရင် တစ်ဝက်လောက် လှီးပြီးဒူးကို
၁၀ မိနစ်လောက်ကြာအောင် ပွတ်ပေးပါ။ အရည်တွေ လက်ဖက်ရည် တစ်ဇွန်းစာကိုခပ်ပျစ်ပျစ် ဖျော်ပြီးဒူးကိုသုတ်လိမ်းပြီး
၁၀ မိနစ်လောက် ပွတ်ပြီး နှိပ်နယ်ပေးကာရေခပ်နွေးနွေးနဲ့ ဆေးကြောတာမျိုးလည်းလုပ်နိုင်ပါတယ်။နောက်ပြီးမုန့်ဖုတ်ဆော်ဒါရှိရင်လည်း ခပ်ပျစ်ပျစ်ဖျော်ပြီး
အထက်ပါ နည်းအတိုင်းလုပ်ပေးလို့ ရပါတယ်။
နောက်တစ်ခုကတော့ အုတ်ဂျုံမှုန့်လက်ဖက်ရည် နှစ်ဇွန်းနဲ့
ခရင်မ်နှစ်ဇွန်း ကိုရောပြီးဒူးမှာလိမ်းကာ နှစ်မိနစ်လောက်ထားပါ။ ပြီးရင် ၁၀ မိနစ်လောက်ကြာအောင် နှိပ်နယ်ပေးပြီးရေအေးနဲ့ ဆေးလိုက်ပါ။ ဒီလိုမျိုးပုံမှန်
လုပ်ပေးမယ်ဆိုရင် ဒူးကအရေ ပြားဆဲလ်သေတွေကိုဖယ်ရှားပေးကာဒူးအရောင်ပြောင်းသွားတာတွေ့ရမှာပါ။
Ref: wellnessbin
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။