မွေးကင်းစကလေး ကျန်းမာဖွံ့ဖြိုးရေး အတွက်နှိုးဆော်ချက်
16-Aug-2018ကလေးများသည် မွေးကင်းစတွင် အသိညဏ်ရှိပါတယ်။ မိဘ (သို့မဟုတ်)
အုပ်ထိန်းသူမှ ကလေးအားဂရုတစိုက်ပြုံး၍ ချော့မြူခြင်း၊ စကားပြောခြင်း၊ ချစ်ခင်ကြင်နာသည့်
အပြုအမူများ ပြုလုပ် ပေးခြင်းနှင့်ကလေးငယ်၏ တုန့်ပြန်မှုကို ဂရုပြုရန်လိုအပ်ပါသည်။ သို့မှသာ
ကာယ၊ ဉာဏဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်သော ကလေးများဖြစ်လာနိုင်ပါသည်။
မွေးကင်းစကလေးပြုစုစောင့်ရှောက်ခြင်း
- ကလေးကို နွေးနွေးထွေးထွေးထားပါ။
- မွေးပြီး (၁) နာရီ အတွင်းစောနိုင်သမျှစောစွာ မိခင်နို့တိုက်ကျွေးပါ။
- ကလေးအသက် (၆) လအထိ ရေအပါအဝင် မည်သည့်အရည်မျှ မတိုက်ကျွေးပါနှင့်။
- ကလေး၏ချက်ကို သန့်ရှင်းစွာထားပါ။ ချက်ကြွေပြီးမှရေချိုးပါ။
- ကလေး၏မည်သည့်အရာမှမထည့်မိရန်သတိပြုပါ။
မွေးကင်းစကလေးငယ်တွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံ၊
ဆေးခန်း၊ ကျန်းမာရေး ဌာနသို့ နေ့ညမဆိုင်း ချက်ချင်းပြပါ။
- အသက်ရှူ ခက်ခဲနေလျှင်
- အသက်ရှူစဉ် ရင်ဘတ်အောင့်ချိုင့်ဝင်လျှင်
- တက်လျှင်
- လုံးဝနို့မစို့လျှင်
- ဖျားလျှင် (သို့) ကိုယ်အေးစက်လျှင်
- ချက်မှသွေးထွက်လျှင်
မွေးကင်းစကလေးငယ်တွင် အောက်ပါအန္တရာယ်လက္ခဏာများ ဖြစ်ပေါ်လာပါက
ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားပြပါ။
- ကလေးအလွန် သေးငယ်လျှင်
- နို့တိုက်ရခက်ခဲလျှင် (သို့) (၂၄) နာရီအတွင်း နို့စို့မှု
(၅) ကြိမ် အောက်နည်းလျှင်
- အရေပြားပေါ် မြည်ဖုပေါက်လျှင်
- ချက်တိုင်ငုတ်နီမြန်းနေလျှင် (သို့) ပြည်ထွက်နေလျှင်
- မျက်စိမှ ပြည်ထွက်လျှင်
- အသားဝါလျှင်
- ဖြူဖျော့လျှင်
Ref:
ဒေါက်တာခြူးမျက်ချယ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။