ဗိုက်မြန်မြန်ချပ်အောင် ဘာတွေသောက်သင့်လဲ
17-Aug-2018ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားရုံသာမက လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့
လိုအပ်တယ်ဆိုတာ သိထားကြပါတယ်။
အစာစားရုံ၊ လေ့ကျင့်ခန်းလုပ်ရုံသာမက အဆီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်တဲ့ သောက်စရာတွေ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေခဲရေ
ရေခဲရေဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် လုပ်ငန်းစဉ်များကို
မြှင့်တင်ပေးနိုင် တာကြောင့် ကယ်လိုရီပမာဏ များနေတာတွေကို ဖယ်ရှားပေးပါတယ်။
နေ့တိုင်းရေခဲရေ အနည်းဆုံး ၁၆ အောင်စလောက်သောက်ရင် ထူးခြားတဲ့ ရလဒ်တွေ့ရမှာပါ။
အုန်းရည်
အခြားသော ဖျော်ရည်တွေထက် လျှပ်လိုက်ရည် (အီလက် ထရိုလိုက်)
များများပါဝင်တာကြောင့် ရေဓာတ်အမြဲပြည့်ဝနေစေပါတယ်။ အုန်းရည်ထဲကို
သကြားနဲ့ အခြားအရသာတုတွေ မထည့်ဘဲ သောက်သင့်ပြီး ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်တွေနဲ့ စွမ်းအင်ပြည့်ဝနေဖို့
ထောက်ကူပါတယ်။
အဆီထုတ်နွားနို့
ခန္ဓာကိုယ်ထဲကအဆီတွေ မြန်မြန်ချေဖျက်ရာမှာ အကျိုးပြု တာကြောင့်
အဆီထုတ်နွားနို့ ပုံမှန်သောက်ပြီး ဘာတွေထူးခြားလဲ စောင့်ကြည့်နိုင်ပါတယ်။
ဟင်းသီးဟင်းရွက်ဖျော်ရည်
ကျန်းမာရေးအတွက် ကောင်းကျိုးပြုရုံသာမကကယ် လိုရီပမာဏများနေတာတွေ
ကိုလည်းလျှော့ချပေးနိုင်ပါတယ်။
အာဟာရဖျော်ရည်
ဈေးကွက်ထဲမှာအသင့် ရောင်းချတဲ့ အာဟာရဖျော်ရည် တွေကတော့
ပုံမှန်အားဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုပေမယ့် ကိုယ်ရွေးချယ်သောက် တဲ့ဖျော်ရည်ကသင့်လျော်မှုရှိ၊
မရှိကိုတော့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။
လက်ဖက်စိမ်း နှင့်နို့မပါလက်ဖက်ရည်
အဆီဓာတ်ကို ၄၃ ရာခိုင်နှုန်း ဖယ်ရှားပေးတာကြောင့်ပိန်ပိန်ပါးပါးဖြစ်လိုသူတွေကတော့ ပုံမှန်သောက်သင့်ပါတယ်။
ဖရဲသီးဖျော်ရည်
ဗိုက်ချပ်ဖို့အတွက်ဆိုရင် သကြားမထည့်ဘဲသဘာဝအတိုင်းသောက်ဖို့တော့လိုပါတယ်။ ကယ်လိုရီကို လျော့ကျစေပြီး ရေဓာတ်ကို အမြဲပြည့်ဝ နေစေပါတယ်။
Ref:
stethnews.com
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။