"ရာသီဥတု ပူပြင်းချိန်မှာ ကလေးများကို ဂရုစိုက်ပေးသင့်သည့် အချက်များ"
25-Feb-2017- ရေခဲရေ မတိုက်ပါနဲ ့။ ရိုးရိုးရေကိုသာ သဲအိုး ၊ ဖန်ပုလင်း ၊ စတီးအိုးတို ့နဲ ့ထည့်ပြီး တိုက်ပါ။ ရေကို ဝဝတိုက်ပါ။
- နေပူထဲ ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပါ။
- နေရိပ်ထဲတွင်သာ ဆော့ကစားပါစေ။
- ကလေးကို ကားထဲမှာ ထားပြီး စျေးဝယ်တာ ရှောင်ကျဉ်ပါ။
- ပန်ကာ၊ အဲကွန်းတို ့ကို ကလေးအပေါ် တိုက်ရိုက်ထားခြင်း ရှောင်ပါ။
- လေပူတိုက်ပါက ပြတင်းပေါက်တွင် ရေစိုတဘက်ကို လှန်းထားပြီး အခန်းတွင်း လေကို အေးအောင် ပြုလုပ်လို ့ရပါတယ်။
- ရေကို မနက်စောစော နှင့် ညနေပိုင်းတွင်သာ ချိုးပေးပါ။ အိပ်ခါနီး ပူပါက ရေပတ် တိုက်ပေးနိုင်ပါတယ်။
- ကလေးအဝတ်အစားကို လေဝင်လေထွက် ကောင်းစေသော ချည်သား သို ့ စွတ်ကျယ်တို ့ကို ဝတ်ပေးတာ ပိုကောင်းပါတယ်။
- မွေးကင်းစမှ (၆)လ အတွင်း ခရီးရှည်ထွက်ခြင်း ၊ လူစုလူဝေးများ သော နေရာ၊ နေပူထဲ သို ့ထွက်ခြင်း ၊ မိခင်မှ အပ အခြားမည်သူမှ ကလေးကို ချီပိုးခြင်း မပြုလုပ်ပါနဲ ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit; Melafos Myanmar