Drug Addiction (ဆေးစွဲခြင်း)
24-Aug-2018အကျဉ်းရှင်းလင်းချက်
အရက်သေစာနှင့် စိတ်ကို စွဲလမ်းစေတတ်သော ဆေးကို မသုံးရမနေနိုင်အောင် စွဲလမ်းနေခြင်း ဖြစ်ပါသည်။ ထိုသို့စွဲလမ်းမှုတွင် စိတ်၏စွဲလမ်းမှုလည်း ဖြစ်နိုင်သလို ခန္ဓာကိုယ်၏တောင့်တမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။
လက္ခဏာများ
စွဲလမ်းသည့် ဆေးအမျိုးအစားပေါ်မူတည်၍ လက္ခဏာများ ကွဲပြားနိုင်ပါသည်။
- စိတ်ကြွနေခြင်း
- ထင်ယောင်ထင်မှားဖြစ်ခြင်း
- ဂယောင်ခြောက်ခြားဖြစ်ခြင်း
- စိတ်ဓာတ်ကျခြင်း
- သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းမြန်လာခြင်း
- မျက်စိနီရဲခြင်း
- ပါးစပ်ခြောက်သွေ့ခြင်း
- မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှု အားနည်းလာခြင်း
- အစားစားချင်စိတ် များလာခြင်း
- ကျောင်းနှင့် လုပ်ငန်းခွင်များတွင် လုပ်ဆောင်မှု ကျဆင်းလာခြင်း
- ပေါင်းသင်းဆက်ဆံမှုတွင် အဆင်မပြေဖြစ်လာခြင်း
- စိတ်ဝင်စားမှု အားနည်းလာခြင်း
- မှိန်းနေခြင်း
- စကားမပီခြင်း
- ပိုက်ဆံကို ရရာနည်းလမ်းဖြင့် ရှာဖွေလာခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် သက်ရောက်မှုများကြောင့် ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်ချေများသူများ
အသက်အရွယ်မရွေး ၊ ကျား မ မရွေး ဖြစ်နိုင်သော်လည်း အောက်ပါလူများတွင် အဖြစ်များပါသည်။
- မိဘ ၊ မောင်နှမများတွင် ဆေးသုံးခြင်း
- ယောက်ျားလေးဖြစ်ခြင်း
- စိတ်မကျန်းမာသောသူများ
- ပတ်ဝန်းကျင်ရှိ လူများက ဆေးသုံးရန် လှုံဆော်ခြင်း
- မိသားစုတွင်း ပြဿနာများရှိသောသူမျး
- စိတ်အလိုမကျဖြစ်ခြင်း ၊ စိတ်ဓာတ်ကျသောသူများ ၊ အထီးကျန်သောသူများ
နောက်ဆက်တွဲ ပြဿနာများ
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်ရောဂါများဖြစ်ခြင်း
- တက်ခြင်း ၊ ဦးနှောက်သေခြင်း ၊ အသက်အန္တရာယ် ထိခိုက်ခြင်း
- မတော်တဆမှုများဖြစ်ခြင်း
- မိမိကိုယ်ကိုယ် သတ်သေခြင်း
- မိသားစုနှင့်ကျောင်းများတွင် ပြဿနာများရှိခြင်း
- ငွေကြေး အခက်အခဲများ ပေါ်ပေါက်လာခြင်း
- ဥပဒေနှင့် မကင်းလွတ်သော အရာများပြုလုပ်ခြင်း (တရားမဝင်ဆေးဝါးများ ရောင်းခြင်း ၊ ဝယ်ခြင်း ၊ လက်ဝယ်ထားရှိခြင်း)
စစ်ဆေးမှုများ
- စိတ်ရောဂါ အထူးကု ဆရာဝန် ၊ နှစ်သိမ့်ဆွေးနွေးတိုင်ပင်ပေးသူတို့က ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း
- သွေးနှင့်ဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်း
ကုသခြင်း
- ဆေးဓာတ်ပျယ်အောင် ပြုလုပ်ခြင်း
- နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း
ကာကွယ်ခြင်း
- ဆေးစွဲခြင်းကြောင့် ဖြစ်တတ်သည်ု ဆိုးကျိုးများကို ကလေးငယ်များကို ရှင်းပြပေးခြင်း
- မိမိကလေးရင်ဆိုင်နေရသည့် အခက်အခဲများကို နားထောင်ပေးခြင်း၊ ထိုအခက်အခဲများကို ကျော်လွှားနိုင်အောင် အကူအညီပေးခြင်း
Ref: Mayo Clinic
By Dr May Hnin Phyu
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။