သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ
31-Aug-2018သွေးအားကောင်းအောင်(သိုမဟုတ်) ဟီမိုဂလိုဗင် အားကောင်းအောင်အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေးဖို့ဘဲ ဖြစ်ပါတယ် ။အသည်းတို့အသားတို့ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ်၊ ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ။ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး၊ သခွား၊ စတော်ဘယ်ရီ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။ အစားသောက်အစုံ စားတတ်သူအတွက်က တိုရ (ခေါ်) ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ။ လိမ္မော်သီး၊ ကဗ္ဗလာအသီးတို့ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကိုတွဲပြီး စားသောက်ပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။
အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန်၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ မုန်လာဥ၊ အာလူး
၊ ပြောင်းဖူး နှင့် ကန်စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်းသံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။ အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ။ အမျိုးသမီးများဓမ္မတာလာသည့်အခါတွင်သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့်ပဲအမျိုးမျုးိဖြင့် ချက်လုပ်ထားသည့်
ဟင်းများကို စားသောက်ပေးပါ။
Ref:
Mg Mandalay