Print

အိမ်သုံး ဆေးဝါးများကို နွားနို့ ကော်ဖီ အချိုရည်တို့နှင့် တွဲဖက်တိုက်ကျ...

  01-Sep-2018
Preview Image

နေထိုင်မကောင်းသည့် ကလေး သူငယ်များနှင့် လူကြီးမိဘများကို နွားနို့၊ ကော်ဖီနှင့် အချိုရည်တို့ တွဲဖက်၍ ဆေးဝါး တိုက်ကျွေးခြင်းသည် မှားယွင်းသည့် အပြုအမူတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး စာစဉ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အိမ်သုံး ဆေးဝါးများကို ရေအေးနှင့် ရေနွေး တစ်ခုခုဖြင့်သာ တွဲဖက် တိုက်ကျွေးရမည် ဖြစ်ကာ နွားနို့သည် တချို့သော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းတတ်ပြီး ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်မှာ လည်း သွေး လည်ပတ်မှုကို လှုံ့ဆော်နိုင်သောသတ္တိရှိခြင်းကြောင့် ဆေးနှင့်တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မား သွားစေနိုင်သည်။ လိမ္မော်ရည်ကဲ့သို့ အချိုရည်မျိုးသည်လည်း ဆေးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အတွက် ယင်းaသာက်သုံးစရာများနှင့်
တွဲဖက်၍ ဆေး မတိုက်သင့်ကြောင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးကြေပာကြားခဲ့သည်။

ထို့ပြင် အချို့သော ရာသီပေါ် ရောဂါများတွင်လည်း အထက်ပါ သောက်သုံးစရာ အရည်များကြောင့် ဖြစ်ပွားသည့် ရောဂါနှင့်ဆေး မမျှသော ဆေးကုသမှု မှားယွင်းနိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်သည်။ ဥပမာ- မိုးရာသီတွင် အများဆုံး ဖြစ်ပွား သည့် သွေးလွန်တုပ်ကွေး ရောဂါ၌ ပါဝင်သော ရောဂါလက္ခဏာပြသချက်တွင် ဖျားနေသည့် ကလေးငယ်က ကော်ဖီရောင် အန်ပါက
ထိုရောဂါ ဖြစ်သည်ဟု သတ်မှတ်ခြင်း ရှိသည့် အတွက် ယင်းရောဂါ မရှိသောကလေးကို အိမ်သုံးဆေးနှင့် ကော်ဖီ တွဲတိုက်ပြီး ကလေး အန်လျှင် ကော်ဖီရည်များပြန်ပါမည် ဖြစ်သဖြင့် ဖြစ်ပွားသည့် ရောဂါ သတ်မှတ်ချက် မှားယွင်းမည်ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်သုံး ပဋိဇီဝ ဆေးများသည် ဗက်တီးရီးယားများကိုသာ နှိမ်နင်းရန် အသုံးပြုခြင်းဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှားကြောင့် ဖြစ်လာသော ရောဂါများကို မနှိမ်နင်းနိုင်ကြောင်း သေချာစွာ သိရှိခြင်း မရှိသည့် ပြည်သူများသည် ဆေးဆိုင်များက စပ်ပေးသော ဆေးများကို သောက်သုံးခြင်းသည် နားလည်သည့် ဆေးဝါး ကျွမ်းကျင်သူ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် သူနာပြု ကျွမ်းကျင်များနှင့် ဆရာဝန်များ စပ်ပေးခြင်း မဟုတ်ပါက အနာနှင့်ဆေး တစ်လွဲဖြစ်ကာ ဓာတ်မတည့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရော ဂါ ဖြစ်ပွားခြင်းများကို ကြုံနိုင် ကြောင်း သိရသည်။

Ref:
Hoe Hoe Kyaw

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18