Print

ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ကြွက်သတ်ဆေးများရှူမိ၊သောက်မိ၊ထိတွေ့မိသောအခါဝယ်

  07-Sep-2018
Preview Image

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများသည် သောက်သုံးမိ၍ဖြစ်စေ၊ ရှူမိ၍ဖြစ်စေ၊ အရေပြားမှတစ်ဆင့် စိမ့်ဝင်ခြင်းဖြင့်ဖြစ်စေ၊ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလျှင် အသက်အန္တရာယ်ရှိပါသည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်သားများတွင် လက်အိတ်အပြဲ၊ အင်္ကျ ီအပြဲများမှ ပိုးသတ်ဆေးများ သည် ခန္ဓာကိုယ် အရေပြားနှင့် ကာလကြာရှည်စွာ
ထိတွေ့မိသောအခါတွင်လည်း အဆိပ်အတောက်ဖြစ်စေပါသည်။

အဆိပ်မိခါစတွင် ခံစားရသော လက္ခဏာများမှာ - 

- ခေါင်းကိုက်ခြင်း
- ချွေးစေးပြန်ခြင်း
- ဝမ်းလျှောခြင်း
- မျက်လုံး၊ နှာခေါင်း၊လည်ပင်းနှင့် အရေပြားများ ယားယံခြင်း
- ပျို့အန်ချင်ခြင်း
- အစားအသောက် အအိပ်ပျက်ခြင်း
- မူးဝေထိုင်းမှိုင်းခြင်း
- ရေငတ်ခြင်း

စိုးရိမ်ဖွယ်ရှိသောလက္ခဏာများမှာ-

- အန်ခြင်း
- တက်ခြင်း
- သတိလစ်ခြင်း
- အသက်ရှူမဝခြင်း၊ အသက်ရှူမြန်ခြင်း
- ဖျားခြင်း
- ကြွက်သားများ ဆန့်ငင်ဆန့်ငင်ဖြစ်၍ မလှုပ်နိုင်ခြင်း တို့ဖြစ်သည်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အဆိပ်မိခဲ့လျှင် ပြုစုရမည့် အရေးပေါ် ရှေးဦးသူနာပြုနည်းလမ်းများ

(၁) ဆေးရည်များ မည်သည့်လမ်းကြောင်းမှ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည်ကို ဦးစွာရှာဖွေပါ။ အများဆုံး ဝင်လေ့ရှိတာကတော့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် အရေပြားတို့မှဖြစ်သည်။

- ဆေးရည်များကို ရှူသွင်းမိခဲ့လျှင် ထိုလူအား လေကောင်းလေသန့် ရသောနေရာသို့ ပြောင်းရွေ့ ပေးပါ။ 

- ဆေးရည်များ မျက်လုံးမှဝင်ခဲ့လျှင် သန့်စင်သောရေဖြင့် မျက်လုံးအား ၁၅ မိနစ်ခန့်ဆေးပေးပါ။ 

- ခန္ဓာကိုယ်ပေါ်တွင် ဆေးရည်များပေခဲ့လျှင် ဆေးရည်ပေနေသော အဝတ်အစားများချွတ်ပစ်ပါ။ ရေချိုးပါ။ 
ဆပ်ပြာနှင့် ပေနေသောနေရာကို သေချာစွာပွတ်တိုက်ဆေးပါ။

- ဆေးရည်အားမျိုချမိပါက၊ လျှင်မြန်စွာ ပလုတ်ကျင်းပေးပါ။

(၂) လူနာအသက်မရှူတော့ရင် အရေးပေါ် အသက်ကယ်နည်းဖြင့် အသက်ကယ်ပေးပါ။

(၃) လူနာအား ဆေးရုံ၊ ဆေးခန်းသို့အမြန်ပို့ပါ။ ဆေးပုလင်းအား တစ်ပါတည်းယူဆောင်သွားရန် မမေ့ပါနဲ့။ ဆေးရည် အမျိုးအစားပေါ်မူတည်၍ ကုသသည့်နည်းလမ်းများ ကွာခြားသောကြောင့် ဖြစ်သည်။ 

(၄) လူနာအား နွေးနွေးထွေးထွေးထားပေးပါ ဟူ၍အကြံပြုလိုက်ရပါသည်။

Ref:
ဒေါက်တာ ခြူးမျက်ချယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18