လေပွခြင်း သို့ Flatulence
08-Sep-2018လေပွခြင်း
ဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရလေ့ရှိသည်။ ပျမ်းမျှအားဖြင့်
သာမန်လူတစ်ယောက်သည် ၅ကြိမ်မှ ၁၀ကြိမ်အထိ လေလည်လေ့ရှိပြီး အချို့သည်လည်း
ဒီထက်များကြနည်းကြပါသည်။ သာမန်ထက်လွန်ကဲ၍ ကျယ်လောင်စူးရှစွာ လေလည်တတ်သူများသည်
လူကြားထဲတွင် အနေခက် အထိုင်ခက်ဖြစ်ရသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
လေများများမျိုချမိခြင်း
ပုံမှန်အသက်ရှူခြင်း အစာစားခြင်းတို့တွင်
လေမျိုချလေ့ရှိကြသည်။ လေများများမျိုချမိနိုင်သည့် အခြေအနေများမှာ
·
ပီကေဝါးခြင်း
·
ဆေးလိပ်သောက်ခြင်း
·
ဘောပင်အဖုံးစုပ်ခြင်း
·
အံတု
သွားတုများ ချောင်နေခြင်း
· အစာများကို အလောတကြီးမျိုချခြင်း တို့ဖြစ်ပါသည်။
လေပွစေသည့်အစားအသောက်များ
ခန္ဓာကိုယ်မှ စုပ်ယူရန်ခက်ခဲသည့်
ကာဘိုဟိုက်ဒြိတ်ဓာတ်များပါသည့် အစာများမှာ
·
ပဲအမျိုးမျိုး
·
ပန်းဂေါ်ဖီ၊
ဂေါ်ဖီထုပ်
·
ကြက်သွန်
·
ဆီးသီး
·
စပျစ်သီးခြောက်
·
ပန်းသီး
·
Broccoli
· Fructose ဓာတ်ပါသော အစားအသောက်များ
ကျန်းမာရေးအခြေအနေများ
·
အစာမကြေခြင်း
·
ဝမ်းချုပ်ခြင်း
·
အူလမ်းကြောင်းလှုပ်ရှားမှု
မူမမှန်ရောဂါ (Irritable Bowel Syndrome)
·
Coeliac
Disease
·
Lactose
Intolerance (နို့တွင်ပါသော Lactose နှင့် ဓာတ်မတည့်ခြင်း)
·
ဝမ်းပျက်ဝမ်းလျှော
· အူနံရံမှ အစာကောင်းကောင်း မစုပ်နိုင်ခြင်း
ဆေးဝါးများ
·
NSAID အမျိုးအနွယ်
အကိုက်အခဲပျောက်ဆေးများ
·
အချို့သော
ဝမ်းချူဆေးများ
·
မှိုသတ်ဆေးများ
· Statinအုပ်စုဝင် အဆီကျဆေးများ
ဆရာဝန်ပြသသင့်ချိန်
·
တောက်လျှောက်ဗိုက်ရစ်နေပြီး
ရင်ပြည့်ရင်ကယ်ဖြစ်နေခြင်း
·
ခဏခဏ ဝမ်းပျက်ခြင်း
·
အကြောင်းမဲ့ပိန်ကျသွားခြင်း
·
ဝမ်းမထိန်းနိုင်ခြင်း
·
ဝမ်းထဲသွေးပါနေခြင်း
·
အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊
အဆစ်အမြစ်ကိုက်ခြင်း၊ ကြွက်သားနာခြင်း အစရှိသည့် ပိုးဝင်သော လက္ခဏာများပြခြင်း
မည်ကဲ့သို့ထိန်းသိမ်းမည်နည်း
အစားအစာနှင့်
လူနေမှုဘဝပြင်ဆင်ခြင်းများဖြင့် ထိန်းသိမ်းနိုင်ပါသည်။ ဥပမာအားဖြင့်
·
လေပွစေသော
အစားအစာများ ရှောင်ရှားခြင်း
·
အစာကို
နည်းနည်းနှင့် ဖြည်းဖြည်း စီစားခြင်း
·
လေ့ကျင့်ခန်း
မှန်မှန်ပြုလုပ်ခြင်း
Charcoal tablets သို့ Simethicone အစရှိသောဆေးများ သောက်သုံးပေးနိုင်ပါသည်။ကျန်းမာရေးအခြေအနေတစ်ခု အခံရှိပါက ပျောက်ကင်းအောင်ကုသရန်
ဆရာဝန်အကူအညီလိုအပ်ပါသည်။
Sunge
Ref: NHS Choices
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။