Print

Flea Bites (မွှားကိုက်ခြင်း)

  09-Sep-2018
Preview Image

 မွှားနှင့် အခြားသော အင်းဆက်များ အကိုက်ခံရခြင်း၊ အတုပ်ခံရခြင်းသည် များသောအားဖြင့် မဆိုးရွားသော်လည်း တစ်ခါတစ်ရံတွင်မူ နာကျင်ကာ ဆိုးရွားသော ဓာတ်မတည့်မှုများ ဖြစ်စေနိုင်သည်။

 

လက္ခဏာများ

မွှားအကိုက်ခံရပါက အကိုက်ခံရသောနေရာတွင် အတန်းလိုက် (သို့) အစုလိုက် နီရဲသောအဖုလေးများ ဖြစ်လာကာ အလွန်ယားယံမည်ဖြစ်သည်။ ကြောင်နှင့်ခွေးများတွင် ရှိသောမွှားအကိုက်ခံရပါက ဒူးအောက်ပိုင်းနှင့် ခြေချင်းဝတ်ပတ်ပတ်လည်တွင် ကိုက်လေ့ရှိပြီး ပိုက်ထားသည့်အချိန်တွင် ကိုက်ပါက လက်မောင်းတွင် ကိုက်တတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းမှာမူ အိမ်မွေးတိရိစ္ဆာန်လေးများတွင် ရှိသောမွှားအကောင်လေးများ အကိုက်ခံခြင်းကြောင့် ဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ

အိမ်မွေးတိရိစ္ဆာန်များဖြစ်သော ကြောင်နှင့်ခွေးချစ်သောသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲပြဿနာများ

မွှားကိုက်ခံရခြင်း ဆိုးဝါးလျှင် နောက်ဆက်တွဲပြဿနာများ အနေဖြင့်

-      Impetigo (အနာစက်) - အလွန်ကူးစက်လွယ်သော ဘက်တီးရီးယားရောဂါများ ဖြစ်လာခြင်း

-      Cellulitis ( အရေပြား ရောင်ရမ်းခြင်း) - အရေပြား နီရဲရောင်ကိုင်းကာ နာကျင်ခြင်း

-      Folliculitis  - မွေးညင်းအိတ်ကလေးများ ရောင်ရမ်းခြင်း

-      Lymphangitis - ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

မွှားကိုက်ခံရပြီးနောက် ရောင်ရမ်းခြင်းနှင့် အရည်ကြည်ဖုများ ဖြစ်လာခြင်း (သို့) ပြည်တည်လာပါက နီးစပ်ရာဆေးခန်းသို့ သွားရောက်ပြသသင့်သည်။

 

စစ်ဆေးမှုများ

စစ်ဆေးမှုများ အနေဖြင့် အကိုက်ခံရသောနေရာကို ဆရာဝန်မှ ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။


ကုသခြင်း

များသောအားဖြင့် မွှားကိုက်ခံရခြင်းသည် မပြင်းထန်ပါက ဆေးရုံဆေးခန်း သွားစရာမလိုဘဲ အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းဖြင့် ပျောက်ကင်းနိုင်သည်။ အိမ်တွင်းကုထုံးများ အနေဖြင့်

-      အကိုက်ခံရသောနေရာကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်အောင် ဆေးကြောခြင်း

-      ရေခဲဖြင့် ဖိအုပ်ပေးခြင်းနှင့်

-      အနာပိုးမဝင်စေရန် လက်ဖြင့် ကုတ်ခြင်းကို ရှောင်ကြဉ်ခြင်းများ ပြုလုပ်ပေးသင့်သည်။ ထို့ပြင်

-      နာကျင်မှု အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း

-      ယားယံခြင်းနှင့် ရောင်ရမ်းခြင်း သက်သာစေရန် သွေးသန့်ဆေးနှင့် စတီးရွိုက်အပျော့စား ပါသော ဖျန်းဆေး (သို့) ကရင်မ်များ လိမ်းခြင်း

-      မသက်သာပါက သွေးသန့်ဆေး (Antihistamine) များသောက်ခြင်းတို့ဖြင့်လည်း ကုသနိုင်သည်။

 

အရည်ကြည်ဖုများ ပေါက်ပါက ပိုးဝင်တတ်သည့်အတွက် အတတ်နိုင်ဆုံး မပေါက်ထွက်သွားအောင် ဂရုစိုက်ပေးသင့်သည်။ ပေါက်ထွက်သွားလျှင်လည်း Adhesive bandage ( ပတ်တီး) စည်းပေးထားသင့်သည်။

 

ကာကွယ်ခြင်း

·       မွှားကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက်

·       အဝတ်အထည်များကို လုံလုံခြုံခြုံ ဝတ်ဆင်ခြင်း

·       အပြင်ထွက်လျှင် ဖိနပ်စီးခြင်း

·       အင်းဆက် မကိုက်အောင် လိမ်းဆေးများ လိမ်းထားခြင်း

·       အမွှေးနံ့ပြင်းသော ရေမွှေး၊ ဆပ်ပြာ၊ ရှမ်ပူများ သုံးခြင်းများ ရှောင်ကြဉ်ခြင်း

·       အစားအစာများကို အဖုံးဖြင့် သေချာဖုံးအုပ်ထားခြင်းနှင့်

·       တံခါးပေါက်နှင့် ပြတင်းပေါက်များကို သေချာပိတ်ထားခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

 

 Paing

Ref: NHS choices


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18