ယာဉ်တိုက်မှုဖြစ်လျှင် အရေးပေါ်လုပ်ဆောင်သင့်သည့်အချက်များ
13-Sep-2018- လူနာကိုဘေးကင်းရာသို့ ရွှေ့ပါ။
- သတိရမရ လူနာကိုခေါ်ကြည့်ပါ။အမည်မေးပါ။
- အသက်ရှူမရှူကြည့်ပါ။
- ပါးစပ်ထဲသွေးများ ပြင်ပပစ္စည်းများဖြင့် လေပြွန်ပိတ်ဆို့
နေမနေကြည့်ပါ။ (ပိတ်နေက ဖယ်ပစ်ပါ)
- နှလုံးခုန်မခုန်ကြည့်ပါ။ ရင်ဘတ်နားကပ်၍ နားထောင်ကြည့်ပါ။
(အသက်မရှူ နှလုံးမခုန်ပါက အရေးပေါ် အသက်ကယ်နည်းစလုပ်ပါ။)
- ခေါင်းကိုထိထားသည်ရှိမရှိ၊ အခြားကျိုးပဲ့သော နေရာရှိမရှိ
တစ်ကိုယ်လုံးစစ်ဆေးပါ။
- ဒဏ်ရာပြင်းပါက ဆေးရုံအမြန်ဆုံးပို့နိုင်ဖို့ ဆောင်ရွက်ပါ။
ဘေးကလူများကို အကူအညီတောင်းပါ။
- သွေးထွက်နေသောလူနာကို သွေးထွက်မလွန်အောင် အဝတ်ဖြင့်ဖိကပ်ထားပါ။
(မတင်းမကျပ်စည်းပေးပါ)
- ခေါင်း၊ ကျောရိုး၊ လည်ပင်းကို ခိုက်မိထားသည်ဟု သံသယရှိပါက
လူနာကို ပက်လက်နေရာမှ မရွှေ့စေပဲ ဆေးရုံအမြန်ပို့ပါ။
- ခွေခေါက်ပို့ခြင်းက ကျောရိုးရှိ နာဗ်ကြောများဖိမိ၍
ပိုမိုဆိုးရွားသော အခြေအနေဖြစ်စေနိုင်ပါတယ်။
ဒေါက်တာခြူးမျက်ချယ်
Ref: Myanmar First Aid
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။