Print

မိခင်၏စားသောက်မှုကမွေးလာမည့်ကလေး၏လိင်အင်္ဂါပြောင်းလဲမှုပေါ်မှုတည်တယ်

  21-Sep-2018
Preview Image

ကလေးရဖို့အလားအလာရှိတဲ့ နောက်ဆုံးရက်မှာဆိုရင် ကလေးဟာ မိန်းကလေးလားယောင်္ကျားလေးဖြစ်မလားဆိုတာ ၅၀% စီပဲရှိပါသေးတယ်။ ဒါပေမယ့် သင့်အနေနဲ့ ပိုလိုချင်တဲ့လိင်ဖြစ်လာအောင် လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေတော့ ရှိပါတယ်။ သင်မွေးမယ့်ကလေးဟာ မိန်းကလေး ဒါမှမဟုတ် ယောင်္ကျားလေးလား ဆိုတဲ့နေရာမှာ သင့်စားသောက်တဲ့အစားအစာပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒီနည်းစနစ်ဟာ ၁၀၀%တော့ မှန်ကန်မှုမရှိပေမယ့် မိမိနှစ်သက်တဲ့ကလေးရနိုင်ဖို့အတွက် ဇနီးမောင်နှံတွေ အသုံးများတဲ့နည်းစနစ်ဖြစ်ပါတယ်။ယောင်္ကျားလေးဖြစ်စေနိုင်တဲ့ Y chromosomeကို သယ်ဆောင်တဲ့ spermဟာသေးငယ်ပြီးတော့ ပေါ့ပါးသွက်လက်တဲ့အတွက် သက်တမ်းမကုန်ဆုံးခင်မှာ မဥကြွေတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ပါတယ်။ ဒီလိုနဲ့အမြန်ဆုံးရောက်နိုင်ဖို့အတွက် သူ့ရဲ့ပတ်ဝန်းကျင်မှာAlkaline တွေ ရှိနေဖို့လိုအပ်ပါတယ်။

မိန်းကလေးဖြစ်စေနိုင်တဲ့ X chromosomeကို သယ်ဆောင်တဲ့ spermတွေကျတော့ အရွယ်အစားပိုကြီးပြီး နှေးကွေးပါတယ်။ အဲဒါကြောင့်လည်း ပန်းတိုင်ကိုရောက်ဖို့
အချိန်ပိုကြာစေပါတယ်။ ဒါပေမယ့် သက်တမ်းပိုရှည်နေတာကို တွေ့ရှိရပြန်ပါတယ်။ မဥကြွေတဲ့နေရာရောက်ဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်မှာ Acid တွေ လိုအပ်ပါတယ်။
ဒါဆိုရင်တော့ သင့်အနေနဲ့ ကလေးရဲ့လိင်ကိုရွေးချယ်ဖို့အစားအသောက်နဲ့ အားထုတ်လို့ရပြီပေါ့။ယောင်္ကျားလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာPotassium နဲ့
sodium ပါတဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အက်စစ်ပါဝင်နှုန်းတဲ့အတွက် Alkaline များလာဖို့ အားပေးပါတယ်။ အဲဒါကြောင့် ငှက်ပျော်သီး၊ ပြောင်းဖူး၊ အနီရောင်
အသား၊ နဲ့ အူအစာသွပ်ထားတဲ့ အစားအစာတွေကို များများစားသုံးဖို့ပဲဖြစ်ပါတယ်။

မိန်းကလေးမွေးနိုင်ဖို့အတွက် စားသင့်တဲ့အစားအစာ ရွေးချယ်ရမှာကတော့ အက်စစ်ဓါတ်များတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ပန်းမုံလာဟာ အသင့်တော်ဆုံး ဥပမာပဲ
ဖြစ်ပါတယ်။ ပြီးတော့ စပျစ်သီး၊ ပန်းသီး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ နဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးနိုင်ပါတယ်။

Ref: 
onlinehealth.com

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18