Print

မဟာသင်္ကြန်နှင့် ကျန်းမာရေးရှုထောင့်များ

  25-Feb-2017
Preview Image

 

ပူပြင်းလှတဲ့နွေရာသီ ကာလမှာ မကြာခင် မြန်မာ့ရိုးရာ အတာသင်္ကြန် ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မကြာခင် သင်္ကြန်ကျရောက်တော့ မှာ ဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်စရာ အချက်အလက်တွေ အများကြီး ရှိနေပါတယ်။ ရာသီဥတုပူပြင်းလာတာနဲ့အမျှ ကျန်းမာရေးကို ဂရုစိုက်ကြဖို့လိုပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို သိဖို့လိုပါတယ်။  နေပူကြီးထဲမှာ တစ်နေကုန် ရေပက်နေသူတွေ၊ ရေပက်ခံထွက်သူတွေအတွက် အပူအအေး မမျှတပဲ ဖျားနာဖို့လွယ်ကူပါတယ်။ နေပူထဲ ရေပက်ခံထွက်တော့မယ် ဆိုရင်တော့ တစ်နေ့ကုန် ရေစိုပြီး ချမ်းအေးခြင်းကို ကာကွယ်နိုင်ဖို့အတွက် အကျီ င်္ထူထူ ဝတ်ဆင်ပါ။ ဘီယာအရက်တို့ကို တတ်နိုင်သမျှ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

 

ဘီယာသောက်မှ၊ အရက်သောက်မှ မူးပြီးပျော်စရာကောင်းတာ မဟုတ်ပါဘူး။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ ဒီအတိုင်း ကြည်ကြည်လင်လင် လေးနဲ့လည်း ချမ်းမြေ့ကြည်နူး ဖွယ် ပျော်ရွှင်ဖွယ်ကောင်း လှပါတယ်။ သင်္ကြန်မှာဖြစ်တဲ့ ရန်ပွဲတော်တော်များများရဲ့ အစဟာ အရက်သေစာသောက်စားခြင်းကြောင့် ဖြစ်ရတာပါဆိုရင် သင်ငြင်းနိုင်ပါသလား။ ဒါကြောင့် သင်္ကြန်အတွင်းမှာ အရက်ကို ရှောင်ရှားစေလိုပါတယ်။ ဒါ့အပြင်လမ်းဘေးစာတွေ ဖြစ်တဲ့ အချဉ်ပေါင်းထုပ်များနဲ့ သရက်သီး၊ မရမ်းသီး၊ စတာတွေကိုလည်း မစားသင့်ပါဘူး။ လူထူထပ်တဲ့အတွက် ရောဂါပိုးပေါင်းစုံပျံ့နှံ့ပြီး ဝမ်းရောဂါဖြစ်ပွားနိုင်ပါတယ်။ စားချင်တယ်ဆိုရင် မိမိအိမ်မှာ လတ်လတ်ဆတ်ဆတ် ပြု လုပ်ပြီး ယူဆောင်သွားခြင်းက ပိုပြီးသင့်တော်ပါတယ်။

 

သင်္ကြန်ကာလနွေရာသီ ဝတ်စားဆင်ယင်မှု
နေ့လည်နေ့ခင်း အပြင်ကို ထွက်တဲ့အခါတိုင်း ချည်ထည်ပွပွ လက်ရှည်နဲ့ အဖြူဖျော့ဖျော့များကိုသာ ဝတ်ဆင်သင့်ပါတယ်။ အဖြူရောင်ဟာ အပူချိန်ကို တန်ပြန်နိုင်စွမ်း ရှိပြီး အမည်းရောင်ကတော့ အပူချိန်ကို စုပ်ယူထားတဲ့အတွက် ခန္ဓာကိုယ်အပူချိန် တက်စေပြီး ချွေးထွက်များစေပါတယ်။ အပြင်ကိုထွက်တဲ့အခါတိုင်း ထီး၊ ဦးထုပ်ဆောင်း ပါ။ နိုင်လွန်ကဲ့သို့ အကျီ င်္များ၊ ကိုယ်ကျပ်အကျီ င်္များ ဘောင်းဘီများ ဝတ်ဆင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ နေပူထဲမှ ပြန်လာပြီး ရေချက်ချင်းချိုးတတ်တဲ့ အကျင့် ကိုရှောင်ပါ။ ရေတဝသောက်ပြီး ချွေးတိတ်မှသာ ရေချိုးသင့်ပါတယ်။ ချွေးမတိတ်သေးခင် နေပူထဲမှ ချက်ချင်းပြန်လာပြီး ချက်ချင်းရေချိုးပါက အပူရှပ်ပြီး heat stroke ရနိုင်ပါတယ်။ အသားအရေ ထိန်းသိမ်းဖို့အတွက် နေပူထဲထွက်တော့မယ်ဆိုရင် Ultraviolent Ray (UV) ကိုကာကွယ်ပေးနိုင်တဲ့ နေရောင်ကာ ခရမ်ကိို လိမ်းပါ။ နေပူထဲမှ ပြန်လာပြီး ရေခဲရေနှင့်မျက်နှာသစ်ခြင်း၊ ရေခဲရေ နှင့် ရေချိုးခြင်းတို့ကို လုံးဝရှောင်ရှားရပါမယ်။

 

ကိုယ်လက်လှုပ်ရှားမှုနှင့် နွေရာသီသင်္ကြန်ကာလ
နေအရမ်းပူတဲ့ နေ့လယ်နေ့ခင်း အချိန်များမှာ အားကစားပြင်းထန်စွာ လုပ်ခြင်း မှ ရှောင်ရှားသင့်ပါတယ်။ နေ့လယ်နေ့ခင်းအချိန်များမှာ ထီး၊ ဦးထုပ်မပါဘဲ နေပူထဲကို မထွက်သင့်ပါဘူး။ အပူချိန်လျော့နည်းတဲ့ နံနက်ခင်းနှင့် ညနေစောင်း အချိန်များတွင်သာ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်သင့်ပြီး နေ့လည်အချိန်မှာတော့ အရိပ်ရတဲ့ သစ်ရိပ်၊ ဝါးရိပ်နဲ့ အိမ်အတွင်းပိုင်းနဲ့ အေးမြသောနေရာများတွင်သာ အေးအေးလူလူ အနားယူရန် လိုအပ်ပါတယ်။ မဖြစ်မနေ ကိုယ်လက်လှုပ်ရှားဖို့ လိုရင်လည်း ရေကိုခဏခဏ သောက် ဖို့မမေ့ပါနဲ့။

 

သင်္ကြန်ကာလ ဘာတွေစားသောက်ကြမလဲ
နွေရာသီမှာ အာဟာရဓာတ်ကို ညီညွှတ်မျှတစွာ စားသုံးဖို့ လိုအပ်ပါတယ်။ အထူး သဖြင့် ဓာတ်ဆားအမြဲ ဖြည့်တင်းပေးရန် လိုပါတယ်။ နွေအပူရှိန်ထဲမှာ ချွေးထွက်များ တဲ့အတွက် ရေဓာတ်နှင့်ဓာတ်ဆား (electrolyte) များဆုံးရှုံးပြီး ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် နေအပူချိန်ထဲမှ ပြန်လာပြီးချွေးထွက် များသောသူများ ၊ ဘောလုံးသမားများ) ဓာတ်ဆား၊ အချိုရည်၊ ရေနဲ့အရည်ရွှမ်းသော သစ်သီးများကို စားသုံးရန်လိုအပ်ပါသည်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ရှောက်ချိုသီး၊ စသည်တို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန် လိုအပ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သက်တန့်ချို
Health for all magazine, April . 2013, Pg. 93

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18