Print

ခရီးသွားမူးမော်ခြင်း

  25-Feb-2017
Preview Image

 

အာရုံခံချက်ကို သတင်းပို့ရသည့် လုပ်ငန်း၌ နား၏အတွင်းပိုင်းမှ သိရှိရခြင်းနှင့် မျက်စိ၌ မြင်တွေ့ရခြင်းတို့ အာရုံနှစ်ခု ဖြစ်ပေါ်ပုံ ကွဲလွဲသွားသောအခါ ခရီးသွား (သို့) ရွေ့လျားလှိုင်းမူးခြင်းကို ဖြစ်စေသည်ဟု အမေရိကန် နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ အကယ်ဒမီမှ နားနှင့်အသံအိုး ရောဂါဆိုင်ရာ ပါမောက္ခဒေါက်တာ ဟော့ကွန်းရက် (Horst Conrad) က ပြောသည်။ ထိုအဖြစ်မျိုးကို လူတိုင်းမခံစားရတတ်။ ခံစားရသူများသည် မူးဝေခြင်း၊ ချွေးစေးထွက်ခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်းနှင့် ပျို့အန်လိုခြင်းဖြစ်သည်။ ထို့ထက် အခြေအနေ မသက်သာပါက အန်ချလိုက်ရတတ်သည်။

 

ထိုသို့ အော့ချင်အန်ချင် ဝေဒနာခံစားရသည် ဆိုသည်နှင့် ချက်ချင်းသက်သာပျောက်ကင်းသွားဖို့ မလွယ်ချေ။ သို့သော် အောက်ပါနည်းလမ်းများက ကြာရှည်မခံစေရန် အကူအညီဖြစ်စေလိမ့်မည်။ နောက်တစ်ကြိမ် ထိုအဖြစ်မျိုး ခံစားရခြင်း မဖြစ်ရအောင်လည်း ကာကွယ်နိုင်ပေလိမ့်မည်။ 


- သာမန်ခရီးသွားခြင်းဟု သဘောထားကြည့်ပါ။ 
- မူးမော်နေသူ ကို ဖေးကူရန် ရှောင်သင့်ပါသည်။
- အနံ့ဆိုးကိုရှောင်ပါ။
- ဆေးလိပ်မီးမညှိပါနှင့်။ 
- ညခရီးက ပို၍သက်သာပါတယ်။ 
- ခရီးသွားစဉ်မတည့်တာကို မစမ်းဖို့လိုပါတယ်။ 
- လေကောင်းလေ သန့်ရအောင်ရှူပါ။ 
- အသောက်မများဖို့ ဆင်ခြင်ပါ။ 
- အိပ်ရေးဝအောင် အိပ်ပါ။ 
- ဦးခေါင်း ကိုငြိမ်သက်စွာထားပါ။
- ရှေ့ခန်းက လိုက်ပါပြီး ခပ်လှမ်းလှမ်းကိုကြည့်ပါ။ 
- ကိုယ်တိုင် မောင်းနှင်ရသူဖြစ်လျှင် ရှေ့သို့တည့်တည့်ကြည့်နိုင်ပြီး အရှိန်အတိုးအလျော့ကို မိမိဘာသာသိနိုင်သည်။ 
- စာဖတ်ခြင်းကိုရှောင်ပါ။
- ငြိမ်သက်သောနေရာ၌ စီးနင်းပါ။ 
- အဝေးကိုကြည့်ပါ။ 
- ဒရာမာမင်း (Dramamine) နှင့် ဘိုနင်း (Bonine) တို့ စားနိုင်ပါသည်။ 

 

အချိန်သည်ဖြေဆေးဖြစ်၏
မည်သည့်လက္ခဏာမဆို အချိန်အရ ပြေပျောက်ရသည်သာဖြစ်၏။ ခရီးသွား မူးဝေခြင်းသည်လည်း ဖြစ်ဆဲ၌ သေတော့မလောက် အတွေးပေါ်ပြီး အခံရခက်နိုင်သော် လည်း သေလောက်သည့်ကိစ္စမဟုတ်ပါ။ မိမိခန္ဓာကိုယ်က ရက်အနည်းငယ်အတွင်း အလိုလို ဖြေဖျောက်နိုင်သည်သာဖြစ်သဖြင့် ကောင်းသွားနိုင်သည်သာ ဖြစ်သည်ကို သတိမူသင့်၏။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် မြန်မာပြန်သည်။
အိမ်တွင်းသမားတော် ပထမတွဲစာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18