HIV/AIDS ကူးစက်ပုံ
08-Oct-2018အိပ်ချ်အိုင်ဗီ ရောဂါပိုးသည်လူ၏ ခန္ဓာကိုယ်ပြင်ပတွင်
တာရှည်အသက် မရှင်နိုင်ပါ။ အိပ်ချ်အိုင် ဗီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၏ ခန္ဓာကိုယ်တွင်း
အရည်များ (ဥပမာ - သွေး၊ သုတ်ရည်၊ မွေးလမ်းကြောင်းမှ အရည်) တို့၌သာ အသက်ရှင်ပွားများလာနိုင်ပါသည်။
HIV/AIDS ကူးစက်နိုင်ပုံံုံ
၁၊ ရောဂါပိုးရှှိသူနှင့် အကာအကွယ်မဲ့ဲ့လိင်ဆက်ဆံခြင်း။
• လိင်တူ လိင်ကွဲဆက်ဆံခြင်း။
• စအိုမှ ဆက်ဆံခြင်း။
• ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း။
၂၊ မသန့်ရှင်းသော ချွန်ထက်သည့့်် ပစ္စည်းများမှ ကူးစက်ခြင်း။
ရောဂါပိုးရှိသူ အသုံးပြုထားသည့် ချွန်ထက်ပြတ်ရှ စေပြီး အရေပြားကိုထိုး ဖောက်နိုင်သော
အရာများ။ ဥပမာ-
• ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်။
• ဆေးမှင်ကြောင်ထိုးခြင်း။
• နားဖေါက်ခြင်း။
• ဆံပင်ညှပ်ဓါး၊ မုတ်ဆိပ်ရိတ်ဓါး၊ သွားပွတ်တံ
၃၊ သွေးမှကူးစက်ခြင်း။
• ရောဂါပိုးရှိသောသူ၏ သွေးမှုန်၊ သွေးစက်များနှင့် ပွန်းပဲ့သော
အရေပြားနှင့်ထိတွေ့မိခြင်း။
• ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း။
၄၊ မိခင်မှှကလေးသို့ ကူးစက်ခြင်း။
• မိခင်ကိုယ်ဝန်ဆောင်စဉ် အချင်းမှတဆင့် ကူးစက်ခြင်း။
• သားဖွားစဉ် မိခင်၏သွေးနှင့် မွေးလမ်းကြောင်း အရည်တို့
ကလေး၏ပါးစပ်နှင့်မျက်စိထဲ ဝင်ရောက်ခြင်း။
• မိခင်နို့ရည်မှတဆင့် ကူးစက်ခြင်း။
HIV/AIDS မကူးစက်နိုင်ပုံံုံ
အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ် ပြင်ပတွင
်မိနစ်အနည်းငယ် ထက်ပို၍ အသက်မရှင်နိုင်ပါ (သို့မဟုတ်) ရေတို့တွင် အသက်ရှင်သန် မနေနိုင်ပါ။
ထို့ကြောင့့်် အောက်ပါနည်းလမ်းများကြောင် HIVမကူးစက်
နိုင်ပါ။
• ကိုယ်ခန္ဓာချင်း ထိတွေ့ပွေ့ဖက်ခြင်း၊ နမ်းရံခြင်း။
• အစားအသောက် အတူမျှဝေစားသောက်ခြင်း။
• အိပ်ရာတခုတည်း၊ အတူအိပ်စက်ခြင်း။
• ရောဂါပိုးရှိသူ၏သွေး၊ ကိုယ်တွင်းရည်များ ထိတွေ့ခြင်း
မရှိသည့်အဝတ်အစား၊ မျက်နှာသုတ်ပုဝါ အိပ်ယာခင်းများ အတူသုံးစွဲခြင်း။
• ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ လိုက်နာပြီး
AIDS ရောဂါလူနာများအား ပြုစုစောင့်ရှောက်ခြင်း။
• ပိုးမွှား၊ ခြင်ကိုက်ခြင်း။
• အတူရေကူးခြင်း။
• အိမ်သာတစ်ခုတည်း သုံးစွဲခြင်း။
ReF: WEAVE
စွမ်းဆောင်နိုင်မှုမြင့်မားရေးအတွက် အမျိုးသမီးများပညာပေးရေးအဖွဲ့
29.10.2015
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။