Print

ဘာကြောင့်ခြင်ပိုအကိုက်ခံရတာလဲ

  14-Oct-2018
Preview Image

လူ (၁၀၀) လျှင် (၂၀) ကျော်မှာ တခြားသူများထက် ပိုပြီးခြင်ကိုက်ခံရကြောင်း လေ့လာမှုတစ်ခုအရ သိရှိရသည်။ ခြင်ကိုက်ခံရခြင်း မကိုက်ခံရခြင်းမှာ ချွေးထဲတွင် လက်တစ်အက်ဆစ် ထုတ်လွှတ်မှုပမာဏနှင့် ဆက်စပ်နေကြောင်းသိရသည်။ လူ့ခန္ဓာကိုယ်မှ အငွေ့ပျံလွယ်သော ဓာတုပစ္စည်း အမျိုးအစား (၅၀၀) ခန့်သည် အရေပြားမှတဆင့် လေထုတွင်းသို့ ရောက်ရှိကြောင်းသိရသည်။ အဆိုပါဓာတုပစ္စည်းများထဲမှ အများစုကိုခြင်၏ ဦးခေါင်းထိပ်ရှိ အမွှေးတစ်စုံမှ အာရုံခံနိုင်ကြောင်း သိရသည်။ ချွေး၊ လက်တစ်အက်စစ်၊ ယူရစ်အက်စစ်နှင့် အောက်တီနောတို့က အင်းဆက်များကို ဆွဲဆောင်နိုင်ကြောင်း သိရသည်။

 

လက်တစ်အက်စစ်သည် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ အရေပြားပေါ်ရှိ ချွေးပေါက်များမှတဆင့် ထွက်ရှိခြင်းဖြစ်သည်။ ယူရစ်အက်ဆစ်ကို ဆီးထဲတွင်ပါသည့် အက်စစ်အဖြစ် သိထားကြပြီး အရေပြားပေါ်တွင်လည်း တွေ့နိုင်သည်။ အောက်တနောသည် ချွေးထွက်ချိန်နှင့် အသက်ရှူရာတွင် ထွက်ရှိကြောင်းသိရသည်။

 

တစ်ချို့သော သူများသည် အခြားသူများထက် အဆိုပါ ဓာတုပစ္စည်းများ ထုတ်လွှတ်မှု ပိုများကာ ခြင်များကို တခြားသူများထက် ပိုမို ဆွဲဆောင်နိုင်ကြောင်း သိရှိရသည်။ ခြင်များသည် ခန္ဓာကိုယ်အပူချိန် မြင့်မားခြင်းကို ကြိုက်နှစ်သက်ကြသဖြင့် လေ့ကျင့်ခန်းပြုလုပ်ပြီး ခန္ဓာကိုယ်အပူချိန် မြင့်မားချိန်တွင် ခြင်ကိုက်ခံရနိုင်ခြေ ပိုများကြောင်း သိရသည်။

 

သွေးအမျိုးအစားက ခြင်ကိုက်ခံရခြင်းကို အဆုံးအဖြတ် ပေးနိုင်ကြောင်း သိရသည်။ အိုသွေးများက ဘီသွေးထက် ခြင်ကိုက်ခံရနိုင်ခြေ ပိုများကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို လီဗာပူးတက္ကသိုလ် ဆေးပညာဌာနမှ သုတေသန ပညာရှင်များက ပြုလုပ်ထားခြင်းဖြစ်သည်။

 

Credit: messenger



Related Articles


Advertisment 18