ဦးခေါင်းထိပ်တွင် တင်းကျပ်နေအောင် ဆံထုံးထုံးခြင်းက ထိပ်ပြောင်စေသည်ဟုဆို
25-Feb-2017
ဦးခေါင်းထိပ်မှာ ဆံထုံးကို တင်းတင်းကျပ်ကျပ် ထုံးတာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာပါ ရေပန်းစားလာပေမယ့် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ဒီလို ဦးခေါင်းထိပ်မှာ ဆံထုံးကို တင်းကျပ်နေအောင် ထုံးတာဟာ ထိပ်ပြောင်စေတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ ဆံပင်ရဲ့အမြစ်ကို တင်းနေအောင် အချိန်ပြည့်ဆွဲထားတာကြောင့် ပျက်စီးမှုဖြစ်ပေါ် ကာ ထိပ်ပြောင်လာတာဖြစ်ပြီး ဆံထုံးကြောင့် အမျိုးသမီးတွေ ထိပ်ပြောင်တာကို အများစု မြင်တွေ့ခဲ့ရဖူးပေမယ့် ယခုအခါအမျိုးသမီးတွေကြား ရေပန်းစားလာတဲ့ ဆံထုံးကြောင့် အမျိုးသားတွေမှာ ထိပ်ပြောင်တာကို မမြင်ဖူးသေးဘူးလို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။
နယူးယောက်အခြေစိုက် အရေပြားအထူးကုဆရာဝန်ဒေါ်ရစ်ဒေးက ငယ်ငယ် ကတည်းက အရောင်ဆိုးထားတဲ့ ဆံပင်ကိုကျစ်ဆံမြီးကျစ်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ အသက် ၃၀ နဲ့ ၄၀ အရွယ်ရောက်လာချိန်မှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နိုင်ခြေနှုန်း မြင့်မား တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ဆံသားတွေက ကြမ်းတမ်းတဲ့ဆံသားတွေ ထက် ပိုမိုထိခိုက်လွယ်ပြီး ဆံပင်ကျွတ်ကာ ထိပ်ပြောင်တာကို ကျစ်ဆံမြီးကျစ်တာ၊ ဆံထုံးထုံးတာတို့ကို အတတ်နိုင်ဆုံး ရှောင်ရှားကာ ဆံပင်စည်းမယ်ဆိုရင် တင်းကျပ် မနေဘဲ လျှော့စည်းဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.285, April 2016, Pg. 124
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

