နာတာရှည်အဆုတ်ဝေဒနာရှင်များတွင် မည်သည့်နှလုံးရောဂါများပိုဖြစ်ပွားနိုင်သ...
26-Oct-2018နာတာရှည်လေပြွန်များကျဉ်းလာသည့်ရောဂါ (Chronic Obstructive Pulmonary Disease) COPD မှာ systemic inflammatory disorder တစ်ခုဖြစ်ကာနှလုံးသွေးကြောင့် ပတ်သက်သည့် ရောဂါများဖြစ်ပွားမှုကိုပိုများစေလေသည်။ ထို့ကြောင့် COPD နှင့် နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများအားလုံး ခြုံငုံဖြစ်ပွားနှုန်း၊ မည်သည့် နှလုံးသွေးကြောရောဂါပိုမို ဖြစ်ပွားစေသည်၊ မည်သည့်အချက် များကနှလုံးသွေးကြောရောဂါပိုမို ဖြစ်ပွားစေသည် စသည့်ဆက်စပ်ပုံများအား လေ့လာခဲ့သည့်လေ့လာမှုတွင် ၁၉၈၀ ဇန်နဝါရီ ၁ ရက်မှ ၂၀၁၅ ဧပြီ ၁၅ ရက်ကြား စာရင်းဇယားများအားအသုံးပြုခဲ့သည်။ ယင်း်လေ့လာမှုသည် COPD ဝေဒနာရှင် မဟုတ်သောသူများနှင့်နှှိုင်းယှဉ် လေ့လာခဲ့ခြင်းဖြစ်သည်။ တွေ့ရှိချက်များအရ COPD ဝေဒနာရှင်များသည် သာမာန်သူများထက်၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန် နှုန်းမမှန်သည့်ရောဂါ၊ အဆုတ် သွေးလှည့်ပတ်မှုစနစ်တွင် ဖြစ်ပွားသည့်ရောဂါ၊ သွေးကြောရောဂါတို့ ဖြစ်ပွားနိုင်ခြေနှစ်ဆမှ ငါးဆထိပိုများကြောင်းတွေ့ရသည်။
ယင်းရောဂါများပိုဖြစ်စေသောအချက်များအနေဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုပိုများနေ
ခြင်း၊ ဆီးချိုဖြစ်ပွားမှုပိုများနေခြင်း၊ဆေးလိပ်သောက်သောအလေ့အကျင့် ရှိခြင်းတို့အားတွေ့ခဲ့ရသည်။
ယခုကဲ့သို့ COPD နှင့် မည်သည့်နှလုံးရောဂါများဆက်စပ်နေသည်၊ မည်သည့် အချက်များနှင့်တွဲရှိနေပါက နှလုံးသွေးကြောရောဂါများပိုဖြစ်စေနိုင်သည်ကိုသိရှိရခြင်းဖြင့်
COPD ဝေဒနာရှင်များတွင် နှလုံးသွေးကြောရောဂါမဖြစ်မီ ကြိုတင်စစ်ဆေးသင့်သည်။
REf:
ဖိုးသောကြာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။