သန္ဓေအောင်ခြင်း
27-Oct-2018လိင်ဆက်ဆံခြင်းမှတဆင့် သုက်လွတ်ရာတွင် သုက်ရည်များသည် မိန်းမကိုယ်တွင်းသို့ ရောက်ရှိသွားသည်။ သုက်ရည်တွင်းရှိ သန်းပေါင်းများစွာသော သုက်ပိုးများသည် မိန်းမကိုယ်မှတဆင့် သားအိမ်ခေါင်းနှင့် သားအိမ်တို့ကိုဖြတ်၍ မျိုးဥပို့ပြွန်အတွင်းရှိ မမျိုးဥနှင့်တွေ့ဆုံရန် ကူးခတ်တက်ရောက်သွားသည်။ သုက်ပိုး တစ်ကောင်သာလျင် မမျိုးဥကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားပြီး သန္ဓေအောင်ခြင်းဖြစ်ပွားသည်။ မမျိုးဥသည်မျိုးဥအိမ်မှ ထွက်ခွာပြီး ၁၈ - ၂၄ နာရီခန့်အတွင်းတွင်သာ သန္ဓေအောင်နိုင်သောကြောင့် မျိုးဥကြွေချိန်တွင် မျိုးဥပို့ပြွန်ထဲ၏ အဖိုသုက်ပိုးရှိနေရန်လိုသည်။
သုက်ပိုးများသည် ပုံမှန်အားဖြင့် မမျိုးပွားအင်္ဂါလမ်းကြောင်းတွင် ၂-၅
ရက်ခန့်အတွင်း အသက် ရှင်နေထိုင်နိုင်ကြသည်၊ မျိုးဥကြွေချိန်အတွင်းနှင့် မကြွေမှီအထိ
လိင်ဆက်ဆံလျင် သန္ဓေအောင်ခြင်းဖြစ်နိုင်ချေရှိသည်။ (ပထမဆုံး ရာသီလာသည့်ရက်ကို ဝ ရက်ဟုသတ်မှတ်ခြင်းဖြင့် ရာသီစက်ဝန်း. ရက် ၉ မှ ရက်၁၆ ကြားကို
ဆိုလိုသည်၊) လိင်ဆက်ဆံ မှုတိုင်းကြောင့် ကိုယ်ဝန်ရနိုင်ခြင်းမရှိပါ။ ကိုယ်ဝန်ရခြင်းသည်
ရှုပ်ထွေးသောဖြစ်စဉ်တစ်ခုဖြစ်သည်။ ကလေးလိုချင်သော ဇနီးမောင်နှံများသည်
ကလေးချက်ချင်းရနိုင်သကဲ့သို့ ကလေးမရမှီတွင်လည်း လပေါင်းများစွာကြာနိုင်ကြောင်း
သဘောပေါက်နားလည်ထားသင့်သည်။
Ref:
ကျန်းမာရေးစေတမာန်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။