Mitral Regurgitation ( နှလုံးအဆို့ရှင် ကျယ်သောရောဂါ)
18-Nov-2018Mitral Regurgitation သည် နှလုံးအဆို့ရှင် မလုံသောကြောင့် သွေးများ နှလုံးဆီသို့ ပြန်၍စီးဆင်းကာ ခန္ဓာကိုယ်၏ အခြားနေရာများသို့ သွေးမရောက်ရှိသောကြောင့် မောပန်းခြင်း၊ အသက်ရှူမဝခြင်းကို ခံစားလာရသောရောဂါ ဖြစ်သည်။
လက္ခဏာများ
Mitral
Regurgitation ရှိသူများတွင် အစပိုင်းတွင် များသောအားဖြင့် လက္ခဏာ မပြတတ်သော်လည်း တဖြည်းဖြည်း
ဆိုးရွားလာလျှင်မူ
- မောခြင်း
(အထူးသဖြင့် လှဲလိုက်ချိန်နှင့် ပြင်းပြင်းထန်ထန် အလုပ်လုပ်လျှင်)
- ပင်ပန်းနွမ်းနယ်ခြင်း
- နှလုံးခုန်
မြန်ခြင်း
- ခြေလက်များ ဖောလာခြင်းတို့ ဖြစ်သည်။ Mitral Regurgitation သည် သိပ်မဆိုးရွားပါက ဆယ်စုနှစ်တစ်ခုအထိ လက္ခဏာမပြဘဲ နေတတ်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
Mitral
Regurgitation ဖြစ်စေသောအကြောင်းရင်းများမှာ
- Mitral
valve prolapse - အဆို့ရှင်များ တင်းကျပ်စွာ မပိတ်နိုင်ခြင်း
- နှလုံးကြွက်သားများ
ပျက်စီးသွားခြင်း
- ပိုးလေးဖက်နာရောဂါ
- နှလုံးရောင်ခြင်း
- နှလုံးလေသင်တုန်းဖြတ်ခြင်း
- နှလုံးကြွက်သား
မူမမှန်ဖြစ်ခြင်း
- ထိခိုက်ဒဏ်ရာရခြင်း
- မွေးရာပါနှလုံးချို့ယွင်းခြင်း
- ဓာတ်ရောင်ခြည် ကုသမှု ခံယူသူများဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
Mitral
Regurgitation သည်
.
နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ ရှိသူများ
.
နှလုံးလေသင်တုန်းဖြတ်ဖူးသူများ
.
နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
.
Ergotamine ဆေးသောက်သူများ
.
လေးဖက်နာရောဂါရှိသူများ
.
မွေးရာပါနှလုံးရောဂါရှိသူများ
. လူလတ်ပိုင်းများတွင် ပို၍ အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ
Mitral Regurgitation သည် မပြင်းထန်လျှင် နောက်ဆက်တွဲရောဂါများ
မဖြစ်နိုင်သော်လည်း ဆိုးရွားလျှင်မူ နောက်ဆက်တွဲရောဂါများဖြစ်သော
- နှလုံးပျက်စီးခြင်း
- Atrial
fibrillation ဖြစ်ကာ သွေးခဲခြင်းနှင့် လေဖြတ်ခြင်း
- Pulmonary hypertension - အဆုတ်ထဲရှိ သွေးကြောများတွင် သွေးတိုးလာခြင်းတို့ ဖြစ်စေနိုင်သည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
အကယ်၍ ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် နှလုံးအဆို့ကျယ်ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် နီးစပ်ရာကျန်းမာရေးဆေးခန်း/ နှလုံးအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ရောဂါရာဇဝင်အကြောင်း
မေးမြန်းခြင်း၊ စမ်းသပ်ခြင်း (နှလုံးခုန်သံနားထောင်ခြင်း)များအပြင် လိုအပ်ပါက
.
Echocardiogram - နှလုံးပုံရိပ်ဖမ်းခြင်း
.
ECG - နှလုံးစက်ဆွဲခြင်း
.
ရင်ဘတ်ဓာတ်မှန်ရိုုက်ခြင်း
.
Cardiac MRI scan - နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း
.
CT angiogram - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် Mitral Regurgitation ကို ရှာဖွေတွေ့ရှိနိုင်သည်။
ကုသခြင်း
Mitral Regurgitation အား ကုသရာတွင် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးများဖြစ်သော ဆီးဆေး၊ သွေးကြဲဆေးများဖြင့် ကုသခြင်း၊ နှလုံးအဆို့ရှင်အား ပြန်ပြင်ခြင်း/ အဆို့ရှင် အစားထိုးခြင်းများဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း
Mitral
Regurgitation အား ကာကွယ်ရန်အတွက်
.
သွေးတိုးရောဂါ မဖြစ်အောင် နေထိုင်ခြင်း
.
ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
.
ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းထားခြင်း
.
အရက်နှင့်ဆေးလိပ် ရှောင်ကြဉ်ခြင်း
.
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။
Paing
Ref:
Mayo clinic