အမြင့်မှပြုတ်ကျလျှင်
19-Nov-2018- လူနာကိုဘေးကင်းရာသို့ရွေးပါ။
- သတိရမရ လူနာကိုခေါ်ကြည့်ပါ။ အမည်မေးပါ။
- အသက်ရှူ / မရှူကြည့်ပါ။
- ပါးစပ်ထဲသွေးများ၊ ပြင်ပပစ္စည်းများဖြင့် လေပြွန်ပိတ်ဆို့နေမနေ
ကြည့်ပါ။ (ပိတ်နေပါကဖယ်ပါ)။
- နှလုံးခုန်မခုန်ကြည့်ပါ။ (အသက်မရှူ နှလုံးမခုန်ပါက
CPR လုပ်ပေးပါ။)
- ခေါင်းကိုထိထားသည်များရှိမရှိ အခြားအရိုးများကျိုးပဲ့သောနေရာ၊
- သွေးအလွန်ထွက်နေသောနေရာ ရှိ/မရှိ တစ်ကိုယ်လုံးစစ်ဆေးပါ။
- ဒဏ်ရာပြင်းထန်ပါက ဆေးရုံအမြန်ဆုံးပို့နိုင်ဖို့ ဆောင်ရွက်ပါ။
ဘေးကလူများကို အကူအညီတောင်းပါ။
- သွေးထွက်သောနေရာကို သွေးမလွန်အောင် အဝတ်ဖြင့် ဖိကပ်ထားပါ။(မတင်းမကျပ်စည်းထားပါ။)
- ခေါင်းခိုက်မိထားသောလူနာ၊ ဆိုင်ကယ်အက်ဆီဒင့်၊ ကားအက်ဆီဒင့်ဖြစ်၍
ကျောရိုး၊ လည်ပင်းရိုး ခိုက်မိထားသည်ဟု သံသယရှိပါက လူနာကို ပက်လက်နေရာ မရွေ့စေပဲ
ဆေးရုံအမြန်ပို့ပါ။
- ခွေခေါက်ပို့ခြင်းက ကျောရိုးရှိ နာဗ်ကြောများဖိမိ၍ ပိုမိုဆိုးဝါးသော
အခြေအနေဖြစ်စေပါသည်။
Ref:
Myanmar First Aid
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။