Print

Nephrotic Syndrome (ကျောက်ကပ်ရောင်ရောဂါ)

  25-Nov-2018
Preview Image

ကျောက်ကပ်ရောင်ရောဂါဆိုသည်မှာ  ကျောက်ကပ်သွေးကြောလေးများရောင်ရမ်းပြီး ခန္ဓာကိုယ်အတွင်းမှ အသားဓာတ် ( protein) များကို ဆီးထဲသို့ စွန့်ထုတ့်ပစ်သည့်ရောဂါဖြစ်သည်။

 

လက္ခဏာများ

ဖောရောင်ခြင်း၊ အထူးသဖြင့်- မျက်လုံးဝန်းကျင်၊ ခြေထောက်ဖောရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ဆီးကြာရှည်စွာ အမြုပ်ထခြင်း။

ဖောရောင်သောကြောင့် ရေစုပြီးကိုယ်အလေးချိန်တက်ခြင်း။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ကျောက်ကပ်အတွင်းရှိသွေးကြောအသေးလေးများရောင်ရမ်းခြင်းကြောင့်အဓိက ဖြစ်ပွားရသည်။

အခြားဖြစ်နိုင်သောအခြေအနေများမှာ-

-Minimal change disease-ကျောက်ကပ် အနည်းငယ်ပြောင်းလဲပြောင်းလဲပျက်စီးခြင်း( အသက်၂ နှစ်ခွဲနှင့် ၃နှစ်ကြားတွင်အဖြစ်အများဆုံးဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းလည်းအတိအကျမရှိဘဲ လွယ်ကူစွာပျောက်ကင်းနိုင်သည်)

-Focal segmental glomerulosclerosis- ကျောက်ကပ်၏ စစ်ထုတ်ရာနေရာရောင်ပြီးနောက် အမာရွတ်ကျန်ခဲ့ခြင်း။

-Membranous nephropathy-အသည်းရောင်အသားဝါ ဘီ၊ ငှက်ဖျား ၊ အရေပြားအကွက်ခြင်းနှင့် ကင်ဆာရောဂါတို့ နှင့်ဆက်စပ်ဖြစ်နိုင်သည်။

-Diabetic kidney disease- ဆီးချိုကျောက်ကပ်ရောင်ရောဂါ

-Systemic lupus erythematosus-အရေပြားလေးဘက်နာရောဂါ

-Amyloidosis- Amyloid protein အသားဓာတ်ကျောက်ကပ်အတွင်းစုပုံခြင်း

Blood clot in kidney vein-သွေးပြန်ကြောအတွင်း သွေးခဲစုခြင်း

Heart failure- နှလုံးအားနည်းပျက်စီးခြင်း။

 

နောက်ဆက်တွဲ ပြဿနာများ

သွေးခဲခြင်း

-သွေးတွင်းအဆီများခြင်း

-အာဟာရချို့တဲ့ခြင်း

-သွေးတိုးခြင်း

 

စစ်ဆေးမှုများ

-ဆီးစစ်ခြင်း - ဆီးထဲတွင် အသားဓာတ်( Protein) အမြောက်အမြားပါဝင်နေပါက ကျောက်ကပ်သွေးကြောရောင်ရောဂါဟုသတ်မှတ်နိုင်သည်။ ( စစ်ဆေးရာတွင် တိကျမှုရှိစေရန် ၂၄ နာရီ တစ်ရက်စာလုံးဆီးကိုယူ၍ စစ်ဆေးရမည်)

-သွေးစစ်ခြင်း- သွေးတွင်း အသားဓာတ်စစ်ဆေးခြင်း( အသားဓာတ်များ ဆီးထဲတွင်စွန့်ထုတ်လိုက်၍ သွေးထဲတွင် နည်းသွားပေလိမ့််မည်)

ထို့အပြင် သွေးတွင်း အဆီဓာတ်များတတ်နေနိုင်သည်။ ကျောက်ကပ်လုပ်ငန်းဆိုင်တာကောင်းမကောင်းသိနိုင်ရန် Creatinine and Urea ပမာဏကိုတိုင်းတာရမည်။

-လိုအပ်ပါက ကျောက်ကပ်အသားစယူ၍ စစ်ဆေးရမည်။

 

ကုသခြင်း

-ကျောက်ကပ်သွေးကြောရောင်ရောဂါကိုဖြစ်စေသည့် အကြောင်းရင်းရှာဖွေကုသခြင်း

-ခံစားနေရသည့်ရောဂါလက္ခဏာများကုသခြင်း နှင့်

-နောက်ဆက်တွဲဆိုးကျိုးများကို ကုသခြင်း

သွေးပေါင်ချိန်လျော့ချခြင်း

ဖောရောင်မှုကျစေရန် ဆီးဆေး

သွေးတွင်းအဆီကျဆေး

သွေးကျဲဆေး

ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုပြန်လည် ကောင်းမွန်အောင်ပြုလုပ်ပေးသည့် စတီးရိုက်အုပ်စုဝင်ဆေးမျာပေး၍ ကုသခြင်း။

 

လူနေမှုပုံစံ နှင့် အိမ်တွင်းကုထုံးမျာ

-      ပရိုတင်းအသားဓာတ်ကို ရွေးချယ်စွာစားသုံးရမည်။

-      သွေးတွင်းအဆီလျော့ကျစေရန် အဆီလျော့စားရမည်

-      ဖောရောင်ခြင်းပိုမဆိုးစေရန် ဆား( အငန်ဓာတ်) လျော့စားရမည်။

 

Dr.hp

Ref; Mayo clinic

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18