Neuroendocrine tumor(ဦးနှောက်နှင့် စပ်ဆိုင်သော ဟော်မုန်းအကျိတ်)
26-Nov-2018ဦးနှောက်နှင့် ဟော်မုန်းအကျိတ်ဆိုသည်မှာ ဦးနှောက်ဟော်မုန်း( Neuroendocrine cells)အဖွဲ့အစည်း ဆဲလ်များအတွင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲကာ အကျိတ်ဖြစ်ခြင်းဖြစ်သည်။ဦးနှောက်ဟော်မုန်းအကျိတ်ဆိုသည်မှာ အဖြစ်ရှားပြီး သော်လည်းခန္ဓာကိုယ်အနှံ့ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။အဖြစ်များသောနေရာများမှာ- အဆုတ်၊ အူအတက်၊ အူသိမ်၊ အူဟောင်းအိမ်၊ နှင့် သရက်ရွက်တို့တွင် အဖြစ်များသည်။အကျိတ်ဟုဆိုရာတွင် Benign ( ရိုး ရိုးကျိတ်) နှင့် Malignant ( ကင်ဆာ ) ကျိတ်ဖြစ်နိုင်သည်။
ဥပမာ-
-Carcinoid tumor
-Islet cell cancer
-Merkel cell carcionoma
-Medullary thyroid
carcinoma
-Pheochromocytoma
-Adrenal cancer
-Small cell
carcinoma,lung
-Large cell carcinoid
tumor,lung
ရောဂါရှာဖွေပုံနှင့် ကုသပုံများမှာ
ဖြစ်ပွားသည့် အကျိတ်အမျိုးအစား၊ နေရာပေါ်မူတည်သည့် အပြင် ထိုအကျိတ်မှထုတ်သည့် ဟော်မုန်းအမျိုးအစားပေါ်လည်းမူတည်ပါသည်။
လက္ခဏာများ
အူလမ်းကြောင်းအဖွဲ့အစည်းတွင်ဖြစ်လျှင် ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း ၊ ဗိုက်အောင့်ခြင်း။
အဆုတ်လမ်းကြောင်းတွင်ဖြစ်လျှင် ရင်ကျပ်ခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း။
အချို့အလုံးအကျိတ်များသည်
ဟော်မုန်းများကိုသွေးတွင်းသို့ထွက်စေပြီး ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ရင်ကျပ်ခြင်း၊သွေးတွင်းအချိုဓာတ်ကျခြင်း၊
သွေးပေါင်ခြင်းပြောင်းလဲခြင်း တို့ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသောအဓိက အကြောင်းရင်းအသေအချာ
မရှိသေးပါ။
စစ်ဆေးမှုများ
-သွေးစစ်ခြင်း
-ဆီးစစ်ခြင်း
-အသားစယူ၍ စစ်ဆေးခြင်း
-ဓာတ်မှန်ရိုက်ခြင်း
-ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
-သံလိုက်ဓာတ်မှန်ရိုက်ခြင်း
-အာထရာဆောင်း/တီဗွီဓာတ်မှန်ရိုက်ခြင်း
စသည်တို့ကို လိုအပ်သလိုပြုလုပ်ရမည်။
ကုသခြင်း
ဖြစ်ပွားနေသည့် အကျိတ်နေရာပေါ်မူတည်၍
ကုုသမှုကွာခြားနိုင်သည်။
မူတည်သောအချက်များမှာ-
-အကျိတ်တည်ရှိနေသောနေရာ
-အကျိတ်ရောက်ရှိနေသည့် အဆင့်
-ထိုသူ၏ ကျန်းမာရေးအခံပေါ်တွင်
မူတည်သည်။
ကုသနည်းများမှာ
- အကျိတ်ကို ခွဲစိတ်ထုတ်ခြင်း( surgery )
- ခွဲစိတ်ရုံသာမက ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း(
Radiotherapy)
- အလုံးအကျိတ်အား သွေးထောက်ပံ့မှုပြတ်တောက်ရန်ပြုလုပ်ခြင်း(
Embolisation)
- ဆေးသွင်းကုသခြင်း ( Chemotherapy )
Dr.hp
Ref; NHSchoices , Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။