အအိပ်နည်းခြင်းက သင့်ရဲ့ကျောက်ကပ်တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်
30-Nov-2018သင်ဟာ တစ်နေ့ကို ငါးနာရီ ဒါမှမဟုတ် ဒီထက်နည်းနည်းသာ
အိပ်ဖြစ်တယ် ဆိုရင်တော့ သင့်မှာ ကျောက်ကပ်ဆိုင်ရာပျက်စီးမှုဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်း
မြင့်တက်နေပြီဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက
သတိပေးပြောကြားလိုက်ပါတယ်။ ယခု ကြီးမားတဲ့တွေ့ရှိမှုကို အမေရိကန်သုတေသနပညာရှင်တွေကတွေ့ရှိခဲ့တာဖြစ်ပြီး သင့်ရဲ့ ကျောက်ကပ်ဟာလည်း အိပ်စက်ချိန်လုံလုံလောက်လောက်ရဖို့အရေးကြီးကြောင်း သတိပေးလိုက်ပါတယ်။ ဘာမင်ဂမ် နဲ
့ဘောစတွန် အမျိုးသမီးဆေးရုံက ပါရဂူတွေဟာ ဆယ်စုနှစ်တစ်စုတိုင် လူပေါင်း ၄၀၀၀
ကို သုတေသနလေ့လာခဲ့တာဖြစ်ပါတယ်။တွေ့ရှိချက်အရ ညဘက်ကို ငါးနာရီလောက်သာ
အိပ်စက်တတ်သူတွေ ဟာ တစ်ညကို ၇ နာရီ ၈ နာရီ အိပ်စက်တတ်သူတွေနဲ့ယှဉ်ရင် ကျောက်ကပ်လုပ်ဆောင်မှုအပိုင်းမှာ သိသာမြန်ဆန်တဲ့ကျဆင်းမှုမျိုး ကြုံတွေ့ရနိုင်ခြေ
၆၅ ရာခိုင်နှုန်း အထိ ရှိပါတယ်။
ယခုမော်ဒန်ခေတ်မှာ ကျွန်တော်တို့တွေဟာ စိတ်ဖိစီးမှု၊
အလုပ်ချိန်ကြာမြင့်မှုနဲ့ကွန်ပြူတာ၊စမတ်ဖုန်း တွေ ကြောင့် အိပ်ချိန်ဆင်းရဲနေကြရပြီး
အိပ်ချိန်လုံလောက်မှုမရှိခြင်းဟာ အဝလွန်ခြင်း၊ နှလုံးရောဂါနဲ့ဆီးချို၊သွေးတိုး
တို့ကိုပါ ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်
မတူညီကြပေမယ့် ကျွန်တော်တို့အများစုဟာ ခန္ဓာကိုယ် ပုံမှန်ကောင်းကောင်း လည်ပတ်နိုင်ဖို
့အတွက် ၈ နာရီလောက် နှစ်ခြိုက်စွာ အိပ်စက်ပေးဖို့လိုပါတယ်။ တစ်ချို့ကတော့ ဒီထက် ပိုနိုင်သလို
ဒီထက်လည်းနည်းနိုင်ပါတယ်။ကျောက်ကပ်ရဲ့အဓိကတာဝန်ဟာ သွေးတွင်းပါဝင်လာတဲ့ အပိုဓာတ်ပစ္စည်းတွေကို
စစ်ထုတ်ယူကာ ဆီးအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ ဒီ့အပြင် ကျောက်ကပ်ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို၊
နှလုံးနဲ့ကြွက်သားတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကူညီပေးရပါတယ်။ အရိုးတွေကို
သန်စွမ်းအောင် ကူညီပေးရသလို သွေးနီဥဆဲလ်တွေထုတ်လုပ်ပေးဖို့အတွက်လည်း လှုံ့ဆော်ပေးရတာဖြစ်ပါတယ်။ အိပ်ချိန်နည်းပါးခြင်းဟာ ကျောက်ကပ်ရဲ့ စွမ်းဆောင်ရည်ကို
ကျဆင်းစေပြီးအထက်ပါ တာဝန်တွေကို ကျောက်ကပ်က ရေရှည်တာဝန်ယူနိုင်ဖို
့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ သို့ပေမယ့် အိပ်ချိန် နည်းပါးမှုနဲ
့ကျောက်ကပ် ထိခိုက်မှုတို့ဟာ ဘယ်လိုဆက်စပ်နေလဲဆိုတာကိုတော့ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း
မသိရသေးဘူးလို့ဆိုပါတယ်။
Ref:
K.K (ကနောင်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။