ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့အရက်တစ်ခွက်တောင် လုံးဝမသောက်သင့်
03-Dec-2018ကိုယ်ဝန်ဆောင်ချိန်မှာ အရက်အသင့်အတင့်သောက်ခြင်းဟာဘေးကင်းစိတ်ချရကြောင်း ခိုင်လုံတဲ့ အထောက်အထား လုံးဝမတွေ့ရတာကြောင့်
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့အရက်ကို လုံး၀ ရှောင်သင့်တယ်လို့ဆိုပါတယ်။
ကလေးငယ် ရုပ်ရည်သွင်ပြင်ပုံမှန်မဟုတ်ခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊
ဦးခေါင်းသေးခြင်း၊ ဟန်ချက်ညီမလှုပ်ရှားနိုင်ခြင်း၊ ဉာဏ်ရည်နည်းခြင်း၊ အပြုအမူပိုင်း
ဆိုင်ရာအခက်အခဲများရှိခြင်း၊ အကြားနဲ့အမြင်အာရုံမှာအခက်အခဲမှာရှိခြင်း စတဲ့
foetal alcohol syndrome ခေါ် သန္ဓေသားဆိုင်ရာအယ်ကိုဟောရောဂါလက္ခဏာစု တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာမိခင်အရက်အလွန်
အကျွံသောက်သုံးမှုနဲ့ဆက်စပ်နေတယ်လို့ပညာရှင်တွေက ဆိုပါတယ်။
အငြိမ်းစားကလေးအထူးကုပါရဂူ Mary Mather နဲ့သားဖွားဆရာဝန်
Kate Wiles တို့ရဲ့ပြောကြားချက်အရ ကလေးငယ်မှာ ဒီလက္ခဏာစုတွေမဖြစ်နိုင်အောင်လို့ အကောင်းဆုံးပေးနိုင်တဲ့အကြံကတော့
ကိုယ်ဝန်ဆောင်ချိန်မှာ အသောက်အစားလုံးဝရှောင်ဖို့သာ ဖြစ်တယ်လို့ဆိုပါတယ်။ ဗြိတိန်ဆေးပညာဂျာနယ်မှာဖော်ပြခဲ့တဲ့ဆောင်းပါးမှာ၊ အရက်ကို သာမန်ထက်လျှော့သောက်ခြင်းက စိတ်ချရကြောင်း
ခိုင်မာတဲ့ အထောက်အထား မရှိဘူးလို့သူတို့နှစ်ဦးက တင်ပြခဲ့ပါတယ်။
ဒါပေမယ့် ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်ဝန်ဆောင်
အမျိုးသမီးတွေ အနေနဲ့အရက်ရှောင်သင့်ကြောင်း၊ တကယ်လို့သောက်မိရင်တောင် တစ်ပတ်ကို တစ်ခွက်၊နှစ်ခွက်မှာသာ
ရပ်သင့်တယ်လို့အကြံပေးထားပါတယ်။ ကျန်းမာရေးနဲ့စောင့်ရှောက်ရေးအမျိုးသားသိပ္ပံကလည်း အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်ပထမသုံးလမှာ အရက်ကို ရှောင်သင့်တယ်လို့ဆိုပြီး၊ မီးယပ်နဲ
့သားဖွားတော်ဝင်ကောလိပ်ကတော့ ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလအပြီးမှာ အရက်
အနည်းငယ်သောက်တာဟာ ကလေးငယ်ကိုထိခိုက်မှုမရှိဘူးလို့ပြောကြားပါတယ်။ဒါပေမယ့် ယခုအကြံပေးချက်တွေဟာ တစ်ခုနဲ့တစ်ခု ကွဲလွဲမှုတွေဖြစ်နေပြီး
တိကျတဲ့အထောက်အထား မရှိတာကြောင့် အရက်ကိုရှောင်တာအကောင်းဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
Credit : Trend Myanmar
ကျန်းမာရေး, ဗဟုသုတ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။