Print

အိမ်ထောင်သည်များ အသက်အရွယ် မရွေး ကျန်းမာနေစေမည့် စမတ်ကျသော နည်းလမ်း ၇...

  25-Feb-2017
Preview Image

 

ပေါင်းသင်းခဲ့တဲ့ နှစ်ကာလတွေ ဘယ်လောက်ပဲ ကြာခဲ့၊ ကြာခဲ့ တစ်ဦးနဲ့ တစ်ဦး အချစ် မပြယ်ဘဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာနေစေမယ့် စမတ်ကျကျ နည်းလမ်းတွေ ရှိပါတယ်။

 

(၁) ခါး အတိုင်းအတာကို စောင့်ကြည့်ပါ

အိမ်ထောင်သည် အများစုဟာ ခါးတုတ်ပြီး ဗိုက်ပူ လာတတ်ပါတယ်။ ဒါကြောင့် အထွေထွေ ကျန်းမာရေး ထိခိုက် စေနိုင်သလို ဆွဲဆောင်မှု လည်း လျော့ကျတတ်ပါတယ်။ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ်အရ သင် အဝလွန်ရင် သင့် အိမ်ထောင်ဖက် အဝလွန်နိုင်ခြေ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် နှလုံးရောဂါ၊ ဆီးချို သွေးချို ရောဂါ တို့လို နာတာရှည် ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်မား တာကြောင့် အဝ မလွန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှု ပုံစံကို လိုက်နာသင့် ပါတယ်။

 

(၂) ငွေရေးကြေးရေး အတွက် အစီအစဉ် ဆွဲထားပါ

အိမ်ထောင်သည် ၄၀ ရာခိုင်နှုန်း နီးပါးဟာ ငွေရေးကြေးရေး သုံးစွဲမှုထက် ဖြုန်းတီးမှု ကို လုပ်လေ့ရှိကြကြောင်း လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ဇနီးမောင်နှံတွေ ရန်ဖြစ်ကြတဲ့ နံပါတ် တစ် အကြောင်းရင်းဟာ ငွေကြေး ဖြစ်နေပါတယ်။ ဒါကြောင့် မိသားစု ဝင်ငွေ၊ ထွက်ငွေတွေကို စာရင်း ပြုစုကာ စိစစ် သုံးစွဲတတ်တဲ့ အလေ့အထကို လိုက်နာသင့်ပါတယ်။

 

(၃) မိသားစု စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်ပါ

ဇနီးမောင်နှံတွေက ပေါင်းသင်းပြီး အချိန် ၁၀-၁၅ နှစ်ကြာတဲ့ အထိ မိသားစု စည်းမျဉ်းကို ဘယ်လို ချမှတ်သင့် တယ်ဆိုတာ အငြင်းပွားနေဆဲ ဖြစ်တတ်ပါတယ်။ မတူညီတဲ့ မိသားစု နှစ်ခုက ပေါက်ဖွားလာသူ နှစ်ဦး ပေါင်းဖက်ကြတာဖြစ်လို့ သဘောထားတွေက ကွဲလွဲ နေတတ်ပါတယ်။ အိမ် သန့်ရှင်းရေး၊ ကလေး စောင့်ရှောက်မှု၊ ဟင်းလျာ ချက်ပြုတ် ပြင်ဆင်မှု စတဲ့ အချက်တွေမှာလည်း သဘောထား ကွဲလွဲနေနိုင် တာကြောင့် ကလေးကို ဘယ်သူက ဘယ်အချိန်မှာ ထိန်းမယ်၊ အိမ် အလုပ်ကို တာဝန်ခွဲဝေ လုပ်ဆောင်မယ် စသဖြင့် စည်းမျဉ်း ချမှတ် ထားသင့်ပါတယ်။

 

(၄) Sex ကိစ္စကို မေ့မထားသင့်ပါ

လက်ထပ်ထားတဲ့ စုံတွဲတွေက ပျမ်းမျှအားဖြင့် တစ်နှစ်မှာ Sex ကိစ္စ ၅၈ ကြိမ်ရှိပြီး တစ်ပတ် တစ်ကြိမ်ထက် အနည်းငယ် ပိုတယ်လို့ သိရပါတယ်။ ရှစ်နှစ်ကြာ လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှု တစ်ရပ်အရ လက်ထပ်ထားတဲ့ စုံတွဲပေါင်း ၉၀ ရာခိုင်နှုန်းဟာ သားဦးကလေး မွေးပြီးချိန်မှာ Sex ကိစ္စ စိတ်ပါဝင်စား မှု လျော့ကျသွားလေ့ရှိကြောင်း သိရပါတယ်။ တကယ်တော့ သင်တို့ စုံတွဲ အနေနဲ့ တစ်ပတ်မှာ Sex ငါးကြိမ် ရှိတာပဲဖြစ်ဖြစ်၊ တစ်နှစ်မှာ Sex ငါးကြိမ်ရှိတာပဲ ဖြစ်ဖြစ် သင်တို့ နှစ်ဦးစလုံး ပျော်ရွှင်ကျေနပ်နေဖို့ပဲ အရေးကြီး ပါတယ်။ ၂၀၀၈ ခုနှစ် လေ့လာမှု တစ်ရပ် အရ အိမ်ထောင်သည်တွေမှာ လက်ချင်း ဆုပ်ကိုင်တာကနေ Sex ကိစ္စ အထိ ထိတွေ့မှုကြောင့် စိတ် ဖိစီးမှု ဆိုင် ရာ ဟော်မုန်းထွက်နှုန်း လျော့ကျတာကို တွေ့ရှိရကြောင်း သိရပါ တယ်။

 

(၅) အဆင်ပြေအောင် နေထိုင်ပါ

အသက် ၂၀-၃၀ အရွယ်မှာ တစ်ကိုယ်တည်း နေထိုင်ရာမှ အိမ်ထောင်ပြုလိုက် တဲ့အခါ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စျေးဝယ်ထွက်တာ၊ အိမ် သန့်ရှင်းရေး လုပ်ရတာ၊ ဟင်းလျာချက်ပြုတ် ပြင်ဆင်ရတာ စ တဲ့ တောက်တိုမယ်ရ အလုပ်တွေ ကို ချောမွေ့နေအောင် လုပ်ဆောင်ရပါတယ်။ အဲဒီအခါ ပင်ပန်း နွမ်းနယ်မှု နဲ့ အဆင် မပြေမှုတွေကြောင့် တစ်ဦးနဲ့ တစ်ဦး အငြင်းပွား ရန်ဖြစ်ရတာတွေ ရှိတတ်ပါတယ်။ အကြံပေးသူ ဒေါက်တာ ဂိုးစတိန်းက “အိမ်ထောင်ရေးမှာ သူ့ ပိုက်ဆံ၊ ကိုယ့် ပိုက်ဆံ မခွဲခြားသင့်သလို သူ့ တာဝန်၊ ကိုယ့် တာဝန် မခွဲခြားဘဲ အတူတူ ကူညီလုပ်ဆောင် သင့်ပါတယ်” လို့ ဆိုပါတယ်။

 

(၆) အသက်ကြီးလာချိန်မှာ တက်တက်ကြွကြွ နေထိုင်ပါ

ကလေးတွေ ရလာပြီး အသက်ကြီးလာတဲ့ အထိ ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့ စုံတွဲတွေက အိမ်ထောင်ရေးမှာ ပိုမို စိတ်ကျေနပ်မှု ရရှိတယ်လို့ ကျွမ်းကျင်သူ တချို့က ဆိုပါတယ်။ မိသားစုလိုက် ကစားရတဲ့ တောင်တက်တာ၊ ပြေးတာ၊ လမ်းလျှောက် တာ၊ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ အသင့်အတင့်လေ့ကျင့်ခန်း လုပ်တာက နှလုံးရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေ မရအောင် ကာကွယ်ပေးနိုင်ပါ တယ်။

 

(၇) ရင်းနှီးသော အိမ်ထောင်သည်များနှင့် စကားစမြည် ပြောဆိုပါ

သင်တို့ စုံတွဲကြားမှာ အဆင်မပြေတဲ့ အဖုအထစ်တွေ ရှိနေလို့ပဲဖြစ်ဖြစ် ရင်းနှီးတဲ့ အိမ်ထောင်သည်တွေကို ရင်ဖွင့်ပြောဆိုလိုက်ပါ။ သူတို့ကလည်း သူတို့ကြားက အဆင် မပြေတဲ့ အခက်အခဲတွေကို ပြန်လည် ပြောပြပါ လိမ့်မယ်။ အဲဒီအခါ ဘယ်အိမ်ထောင်ရေး ပဲဖြစ်ဖြစ် အသေးအမွှား ပြဿနာတော့ ရှိတတ်တယ် ဆိုတာ နားလည်ပြီး စိတ်ပေါ့ပါးသွား မှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ကေအမ်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18