လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင်
25-Feb-2017
အမျိုးသမီးတွေက အမျိုးသားတွေထက် ကျန်းမာရေးကို ပိုမို ဂရုစိုက်ကြပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်။ ဟော်မုန်း အပြောင်းအလဲများတာ၊ ရောင်ရမ်းမှု ဖြစ်နိုင်ခြေ များတာ၊ ဆေးလိပ်ငွေ့နှင့် စိတ်ဖိစီး မှု ဟော်မုန်းတွေကို Sensitive ပိုဖြစ်တတ်တာတွေ ကြောင့်ပါ။ အောက်ပါ နည်းလမ်းတွေ ဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
၁။ သွေးကြော ကျန်းမာ ကောင်းမွန်အောင် အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေး မဝတာဟာ ကျန်းမာတဲ့ အမျိုးသမီးတွေ အတွက် လေဖြတ်တာကို လှုံ့ဆော်နိုင်တဲ့ နံပါတ်တစ်အချက်ပါ။ အိပ်ချိန်ဟာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့သွေးကြောတွေ ကို ပြန်လည် ပြုပြင်ပေးပြီး ဦးနှောက် သွေးကြော အတွင်း သွေးခဲဖတ်တွေ ကို ရှင်းထုတ်ပေးနိုင်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။
၂။ လေဖြတ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း လျှော့ချနိုင်အောင် ဥယျာဉ် စိုက်ပါ။
သင့်အိမ်က ခြံဝင်း အတွင်း မိနစ် ၃၀ ခန့် စိုက်ပျိုးရေး ဆိုင်ရာ အလုပ်တွေ လုပ်တာက သွေးဖိအား၊ သွေးတွင်း သကြားဓာတ်၊ ထရိုင်ဂလစ်စရိုက် (Triglyceride) နဲ့ လေဖြတ်နိုင်ခြေ များတဲ့ အချက်တွေကို လျော့ကျအောင် ကူညီနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
၃။ ပြောင်းဖူးပေါက်ပေါက်က သွေးခဲဖတ် မဖြစ်အောင် တားမြစ်နိုင်ပါတယ်။
ပြောင်းဖူးပေါက်ပေါက်က ကောက်နှံ တစ်ခုလုံး ပါဝင်တဲ့အတွက် နေ့စဉ် နှစ်ခွက်စာ စားသုံးရင် လေဖြတ်နိုင်ခြေ ၄၃ ရာခိုင်နှုန်း လျော့ကျ သွားနိုင်ပါတယ်။
၄။ ဟင်းခတ် အမွှေးအကြိုင်တွေက လေဖြတ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင် ပါတယ်။
နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ဇီရာနဲ့ ပြုလုပ် ထားတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေကို နေ့စဉ် တစ်ဇွန်းခွဲစာ စားသုံးပါက ထရိုင်ဂလစ်ဆရိုက် အဆင့် မြင့်တက်မှုကို ၂၃ ရာခိုင်နှုန်းခန့် ဖြတ်တောက်ပစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2014, No.265, Pg.106