Print

ဆီးချို သွေးချိုရောဂါနှင့် ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း

  25-Feb-2017
Preview Image

 

အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါရှင် အများစုသည် ရှိသင့်သော ခန္ဓာကိုယ် အလေးချိန်ထက် များနေတတ်ပါသည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို မဖြစ်မနေ ပြုလုပ်သင့်ပါသည်။HbA1C ဆိုသည်မှာ သွေးနီဥ အထဲတွင် ရှိသော သွေးရောင်ခြယ်ဓာတ်တွင် ဂလူးကို့စ်ပါဝင်မှု တိုင်းတာသည့် ကိန်းဂဏန်း ဖြစ်သည်။ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် HbA1C ကို ကျစေသည်။ သွေးချို ထိန်းသိမ်းမှု ပိုကောင်းစေသည်။ သွေးချို ထိန်းသိမ်းမှု ကောင်းခြင်းသည် ဆိးချိုသွေးချိုရောဂါအပြင်နောက်ဆက်တွဲ ရောဂါများကို ကာကွယ်ရာလည်း ရောက်ပါသည်။

 

ဘယ်လောက် လေ့ကျင့်ခန်း လုပ်ကြမလဲ
တစ်ပတ်လျှင် မိနစ် ၁၅၀ အနည်းဆုံး ပုံမှန် လေ့ကျင့်ခန်း ယူသင့်ပါသည်။ (တစ်နေ့လျှင် မိနစ် ၃၀ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်လျှင် အနည်းဆုံး တစ်ပတ်လျှင် ၃ ရက်ပြုလုပ်သင့်ပါသည်။ ဖြစ်နိုင်လျှင် နေ့စဉ် မိနစ် ၃၀ အနည်းဆုံး လှုပ်ရှားနိုင်လျှင် ပို၍ ကောင်း ပါသည်။ ပြုလုပ်သည့် လေ့ကျင့်ခန်းသည် အတန်အသင့် ပြင်းထန်မှု ရှိသင့်ပါသည်။ ( အသက်ရှူမြန်လာရမည်၊ အနည်းငယ် မောလာရမည်၊ နှလုံးခုန်နှုန်း မြင့်တက်လာရမည်။

 

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ ရှိသူများသည်
တစ်ပတ်လျှင် ၃ ရက် အလေးမခြင်း တစ်မျိုးမျိုးပါသော လေ့ကျင့်ခန်းများ လုပ်သင့်ပါသည်။ အလေးမခြင်း တစ်မျိုးမျိုး ပါဝင်သော လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့်သွေးချိုဓာတ်ကို ပိုမို၍ ကျစေနိုင်ပါသည်။ သွေးချိုထိန်းသိမ်းမှု ပို၍ ကောင်းမွန်စေနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :ပါမောက္ခ ဦးတင့်ဆွေလတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18