ဓာတ်မတည့်ခြင်း
19-Dec-2018
၁။ ခြေထောက်၊ လက်၊ မျက်နှာတွင်တွင် အဖုအပိန့်ထွက်ခြင်း၊
ယားယံခြင်း၊ အနီကွက်များထခြင်း တို့ဖြစ်သည်။ အသက်ရှူနှုန်းလည်း နှေးကွေးနေနိုင်သည်။အော့အန်ခြင်း၊ ဝမ်းသွားခြင်းများလည်း ဖြစ်နိုင်သည်။
အဖြစ်များသည့်ယားယံခြင်းများမှာ ပန်းဝတ်မှုန်၊ အဆိပ်ရှိသော အကောင်တုပ်မိခြင်း၊ အစေးနှင့်
အခွံမာသီး၊ နို့နှင့်နို့ထွက်ပစ္စည်းများကဲ့သို့ အစားအစာများကြောင့် ဖြစ်တတ်သည်။
၂။ ဓာတ်မတည့်ခြင်းဖြစ်စဉ် (anaphylaxis) ဖြစ်ပါက နီးစပ်ရာကျန်းမာရေးဆေးရုံ၊ဆေးပေးခန်းသို့ သွားရောက်ပြသပြီး ဆေးကုသမှုခံယူသင့်ပါသည်။
တစ်စုံတစ်ဦးကဓာတ်မတည့်ခြင်းဖြစ်စဉ် (အသက်ရှူရခက်ခဲလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ
အပြောင်းအလဲဖြစ်ခြင်းတို့) ဖြစ်လာပြီး ဓာတ်မတည့်ခြင်းအတွက် ကုသဆေး
အဆင်သင့်ရှိပါက အသုံးပြုနိုင်ရန် ကူညီပေးပါ။
၃။ အရေးပေါ်လူနာတင်ယာဉ် စောင့်ဆိုင်းနေစဉ် အားပေးစကားပြောနေပါ။တစ်စုံတစ်ဦးတွင် ဓာတ်မတည့်ခြင်းဖြစ်စဉ် (အသက်ရှူရခက်ခဲလာခြင်း၊
ရုတ်တရက်မူးမေ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်ခြင်းတို့) ဖြစ်လာပါကလူနာတွင် အသင့်ဆောင်ထားသော ဓာတ်မ တည့်ခြင်းအတွက် အသင့်ထိုးဆေး
အသုံးပြုနိုင်ရန် ကူညီပေးပါ။
Ref: ရှေးဦးပြုစုနည်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

