စိုးရိမ်ကြောင့်ကြမှှုက သင့်အသက်ကို ငါးနှစ်ကမ နှုတ်ယူထား
23-Dec-2018
စိုးရိမ်ကြောင့်ကြခြင်းနဲ့ ပက်သက်လို့ ဗြိတိန်မှာ သုတေသန
လုပ်တဲ့အခါဗြိတိန်နိုငငံသား တစ်ဦးဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို
၁နာရီနဲ့ မိနစ် ၅၀ စာကို စိုးရမ်ခြင်းအတွက် အသုံးပြုနေကြကြောင်း ဆိုပါတယ်။ဒါကြောင့်မို့
လူသက်တမ်းနဲ့ တွက်တဲ့အခါ ငါးနှစ်မကသော အချိန်က စိုးရိမ်မှုအတွက် ပေးထားရသလို ဖြစ်နေကြောင်း
ဆိုပါတယ်။ စိုးရမ်ကြောင့်ကြခြင်းဟာလည်း လူ့အသက်ကို တိုစေပါတယ်။
စိုးရိမ်မှု အများဆုံးအတွက် ထိပ်တန်း အကြောင်းအရာများကတော့
- အလုပ်၊ ငွေကြေး ပြဿနာ၊ နောက်ကျခြင်း၊ မိမိချစ်သောသူတစ်ယောက်ရဲ့ ကျန်းမာရေး နဲ့ မိမိကျန်းမာရေး၊
အချစ်ရး၊ တစ်စုံတစ်ခုကို မှီရန် နောက်ကျခြင်း၊ မနက် အိပ်ရာထနောက်ကျခြင်း၊ ရုပ်ရည် အသွင်အပြင်၊ မိသားစု လုံခြုံရေး
အစရှိသဖြင့်တို့ ပါဝင်ပြီး သွားကိုက်ခြင်း ပြဿနာကလည်း နံပါတ် ၁၂ မှာ ရှိနေပါတယ်။
စိုးရမ်ပူပန်ခြင်းဟာ မိမိရဲ့ ပျော်ရွှင်မှုကို သယ်ဆောင်သွားတဲ့
အရာများ ဖြစ်ပြီး မိမိအတွက် ဘာမှ အကျိုးထူး ဖြစ်ထွန်းလာစေမှာ မဟုတ်ပါဘူး။ တစ်ခုခုကို
မရမှာ၊ မဖြစ်မှာ စိုးရိမ်နေမယ့်အစား သတိတစ်ချက် မိမိကိုယ်ကိုယ် ပေးပြီး ဂရုမပြုပဲ ထားလိုက်နိုင်ရင်
စိတ်ထဲမှာ ရှင်းပါတယ်။ အကယ်၍ မဟုတ်ပဲ နာရီကို ခပ်မြန်မြန်ပဲ သွားစေချင်သလိုလို၊ ပြန်ပဲ
အနောက်ဆုပ်စေချင်သလို ဖြစ်ရင်တော့ မိမိကို အသက်တိုစေမှာပဲ ဖြစ်ပါတယ်။
Ref:
Aung Kham Kyaw
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

