ဗိုက်ပူတာကြောင့် ဆီးချိုရောဂါကို ဘယ်လိုဖြစ်စေနိုင်ပါသလဲ
25-Feb-2017ဗိုက်ပူတဲ့အခါ အင်ဆူလင်က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ စွမ်းဆောင်နိုင်မှု နည်းသွားတာကြောင့် အင်ဆူလင် Resistance ဖြစ်သွားပါတယ်။ အဲဒီအခါ သွေးတွင်းသကြားဓာတ်က စတင် ဟန်ချက်မညီတော့ဘဲ ဆီးချိုရောဂါ အကြိုအဆင့် ဖြစ်စေနိုင်ပါတယ်။ ဗိုက်အဆီကျတာက သွေးကြောကျဉ်းစေတဲ့ အန်ဂျီအိုတန်စင်ဟော်မုန်းအပြောင်း အလဲကို ဖြစ်စေတာကြောင့် သွေးတိုးတာ ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထတာ (Heart Attack) ကို ဖြစ်နိုင်ခြေ များစေပါတယ်။ ဗိုက်အဆီဟာ သွေးတွင်းသကြားဓာတ်များတာ၊ သွေးတိုးတာ၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီများတာတို့နှင့် ဆက်စပ်ပြီး ကောင်းတဲ့ ကိုလက်စထရော ကို လျော့ကျစေတာကြောင့် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေတာဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်
Arogyam magazine, No.262, May 2014,