ကာလသားရောဂါဖြစ်တဲ့အခါ မလုပ်သင့်ပေမယ့် လုပ်နေကြတဲ့ လူနာတွေရဲ့ အပြုအမူမျ...
25-Feb-2017ကာလသားရောဂါဖြစ်တဲ့အခါ အပျော်အပါး မလိုက်စားသင့်ဘဲ လိုက်စားနေကြ တာတွေ တွေ့ရပါတယ်။ နောက်တစ်ခုက ရောဂါမပျောက်မချင်း အိမ်ထောင်ဖက်နှင့် လိင်မဆက်ဆံရဘူး။ ဒါကို မလိုက်နာတာလည်း ရှိတတ်ပါတယ်။ ရောဂါကို ကုသမှုပေး ချိန်မှာလည်း ရောဂါပျောက်တဲ့အထိ သေချာအောင် မကြာခဏ ဆေးပြန်စစ်ပြီး ကုသမှုပေးရပါမယ်။ ကာလသားရောဂါရဲ့ ထူးခြားချက်တစ်ခုက ရောဂါက ချက်ချင်းမပျောက်ပါဘူး။ ဆစ်ဖလစ်ကို ကုသပြီးချိန်မှာ ချက်ချင်းပြန်စစ်လိုက်ရင် postitive က postitive ပဲ ဖြစ်နေပါလိမ့်မယ်။
ထုံးစံက ဆေးထိုးပြီး နောက်သုံးလနေမှ ပြန်စစ်ဆေးရမှာဖြစ်ပါတယ်။ သွေးထဲမှာ ပမာဏနည်းသွားသလားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီ ၃ လနှင့်လည်း ပျောက်ချင် မှပျောက်မှာဖြစ်ပါတယ်။ တချို့လူနာတွေမှာ နှစ်နှင့်ချီပြီး ရှိနေတတ်ပါတယ်။ ဒါကြောင့် ကုသမှုခံယူပြီးတဲ့အခါ ပမာဏ လျော့နည်းသွားသလားဆိုတာကို ၃ လတစ်ခါ၊ ၆ လတစ်ခါ ပြန်ပြန်စစ်နေရပါတယ်။ ပမာဏလျော့သွားတယ်၊ မတိုးဘူးဆိုရင် သက်သာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ပမာဏမလျော့ဘဲ ပြန်တိုးလာတယ်ဆိုရင် ဆေးယဉ်တာလား၊ ဆေးကို မှန်မှန် မထိုးမိလို့လားဆိုတာကို ပြန်ဆန်းစစ်ပြီး လိုအပ်ရင်ဆေးကို ပြန်ထိုးပေးရပါမယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November 2014, Pg 57