မျက်စိက အလိုလိုနေရင်း ဘာကြောင့်ပြူးထွက်လာရပါသလဲ
25-Feb-2017
မျက်စိ (Eyeball) က မျက်လုံးအိမ် (Socket) ထဲမှာ ရှိနေရမယ်။ အကြောင်း တစ်ခုခုကြောင့် Orbital Wall မှာ တစ်ခုခုဖြစ်လာပြီဆိုရင် မျက်စိကို တွန်းထုတ်တာကြောင့် မျက်စိက ပုံမှန်အတိုင်းမဟုတ်ဘဲ မျက်စိပြူးလာတဲ့ အကြောင်းအရင်း ၂ ခု ရှိပါတယ်။ ပထမအကြောင်းအရင်းတစ်ခုက မျက်လုံးအိမ်ရဲ့ နောက်မှာအကျိတ်ရှိနေ ရင် ရှေ့ကိုတွန်းထုတ်လိုက်ပါတယ်။ ဒါကို ဆေးပညာအရ Axial Proptosis လို့ခေါ်ပါတယ်။ ဒုတိယအချက်က သိုင်းရွိုက်ရောဂါကြောင့် လည်ပင်းကြီးတဲ့သူတွေမှာလည်း Orbital ထဲမှာရှိတဲ့ကြွက်သား (Muscle) နဲ့ အဆီ (Fats) တွေက Immune Mechanism ကြောင့် ရောင်ရမ်းတာတွေ ဖြစ်လာတယ်။ အဲဒီအခါ မျက်လုံးအိမ်ကို တွန်းလိုက်တာကြောင့် မျက်စိက ရှေ့ကိုပြူးထွက်လာတတ်ပါတယ်။
ကုသမှု
အဓိကကတော့ ဖြစ်တဲ့အကြောင်းရင်းကို ကုသပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို ကုသနေစဉ်မှာ လက္ခဏာကို သက်သာအောင် ကုသမှု ပေးတာမျိုးလည်းရှိပါတယ်။ မျက်လုံးက ပြူးလာတော့ လေနဲ့အမြဲ ထိတွေ့နေရပြီး မျက်စိက နီရဲတတ်ပါတယ်။ အဲဒီအခါ မျက်စိနီရဲတာ သက်သာအောင် ဆေးပေးရပါတယ်။ တပြိုင်တည်းမှာပဲ မျက်စိပြူးရတဲ့ အကြောင်းက ဘာလဲဆိုတာ သိအောင်ရှာပြီး ကုသရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.268, November 2014, Pg 38
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

