ဆေးမတိုးတော့ခြင်းနှင့် STD ဆေးများ
15-Jan-2019
STD နှင့် အခြားရောဂါများအတွက် ပဋိဇီဆေးများအသုံးပြုရာတွင်
ဆေးအားလုံးကို သောက်သုံးရန် အရေးကြီးသည်။ အကယ်၍ ထိရောက်သောဆေးကို လုံလောက်စွာ မသောက်သုံးပါက
(သို့) ဆေးညွှန်းမကုန်မှီ ဆေးရပ်လိုက်ပါက ရောဂါပိုးများကို အကုန်အစင်မသတ်နိုင်ပါ။ စွမ်းအားကြီးသောပိုးများ
ရှင်သန်ပြီး ပွားများလာ ကာ ထိုပိုးကို သတ်နိုင်စွမ်းရှိခဲ့သောဆေးမှာ ထိုရောဂါကို ကုသနိုင်စွမ်းမရှိတော့ပါ။ ဤသည်ကို ဆေးမတိုးတော့ ခြင်းဟုခေါ်သည်။
နေရာများစွာတွင် gonorrhea ကုရန် သုံးမြဲဆေးများသည် ဆေးမတိုးတော့ပါ။
သင်နေထိုင်ရာအရပ်တွင် ဆေးမတိုးတော့သည် STDs များအကြောင်းနှင့် ရောဂါကုသရန် ဒေသတွင်းရနိုင်သော
အကောင်းဆုံးဆေးများ အကြောင်းကို ကျန်းမာရေးလုပ်သားနှင့် တိုင်ပင်ဆွေးနွေးပါ။
STD ကုသမှုခံယူစဉ်တွင် သတိထားရမည့့်် အရာများ
• သင့်အဖော်လည်း ဆေးကုသမှုကို တပြိုင်နက်ခံယူပါစေ။
• ဆေးအားလုံးကို သောက်ပါ။
• ရောဂါလက္ခဏာများ ပျောက်သည်အထိ သင်နှင့် သင့်အဖော် ဆေးအားလုံးကုန်အောင်
သုံးစွဲပြီးသည်အထိ လိင်မဆက်ဆံပါနှင့်။
• ဆေးအားလုံး သောက်ပြီးချိန်၌ ရောဂါမသက်သာပါက ကျန်းမာရေး
လုပ်သားနှင့်တွေ့ပါ။
• လိင်ပြန်လည် ဆက်ဆံသည့်အခါ အန္တရာယ်နည်းသော လိင်ဆက်ဆံမကို
ကျင့်သုံးပါ။
ပြောင်းလဲမှုအတွက်ဆောင်ရွက်ခြင်း
(က) STDs များကိုကုသကာကွယ်ခြင်း။
• အန္တရာယ်နည်း လိင်ဆက်ဆံမှုကို ကျင့်သုံးပါ။
• လိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုအသုံးပြုပါ။
• အကယ်၍ သင့်အဖော်မှ ကွန်ဒုံးအသုံးမပြုပါက သုတ်ပိုးသတ်ဆေး
တစ်ခုတည်း (သို့) အမျိုးသမီး
Diaphragm နှင့်တွဲပြီးအသုံးပြုပါ။ ၎င်းသည်မိမိအား
Gonorrhea နှင့် Chlamydia မှကာကွယ်မှု အသင့်အတင့်ပေးနိုင်သည်။
• လိင်ဆက်ဆံပြီးတိုင်း လိင်အင်္ဂါအပြင်ဘက်ကို ဆေးကြောပါ။
• လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ။
ကွန်ဒုံးသုံးပါ။
• HIV/ AIDS အပါအဝင် ကာလသားရောဂါများမှ ကာကွယ်ပေးသည်။
• သင်၏အဖော်၌ ကျန်းမာရေးကို ကာကွယ်ပေးသည်။
• မလိုလားသော ကိုယ်ဝန်ကို တားဆီးပေးသည်။ သင်(သို့) သင်၏အဖော်၌
ကာလသား ရောဂါလက္ခဏာရှိပါက လိင်မဆက်ဆံပါနှင့်။
• ကိုယ်တွင်း ပိုက်သွင်းဆေးခြင်း၊ ပရဆေးများ(သို့) အမှုန့်များဖြင့်
ဆေးခြင်းဖြင့် မွေးလမ်းကြောင်း ခြောက်သွေ့အောင် မလုပ်ပါနှင့်။ မွေးလမ်းကြောင်း ခြောက်နေပါက
လိင်ဆက်ဆံချိန်တွင် ပွန်းလွယ်ပြီး AIDS နှင့် အခြား STDs ပိုးများပိုကူးစက်နိုင်လိမ့်မည်။
(ခ) အသိုင်းအဝိုင်း၌အန္တရာယ်နည်း လိင်ဆက်ဆံမှုအတွက်
ဆောင်ရွက်ခြင်း။
လိင်ဆိုင်ရာ ကူးစက်ရောဂါများသည် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက်
ကျန်းမာရေးပြဿနာဖြစ်သည်။ သင့်အသိုင်းအဝိုင်းတွင် STDs မှ ကာကွယ်ရန် -
• STDs ကြောင့်မိမိနှင့် မိမိ မိသားစု အန္တရာယ်များကို
အမျိုးသားရော အမျိုးသမီးများ အားသင်ကြားပေးပါ။
• အမျိုးသားများ ကွန်ဒုံးအသုံးပြုကြရန် အခြားသူများနှင့်
တိုင်ပင်ဆောင်ရွက်နည်းလမ်းရှာပါ။
• သင့်အသိုင်းအဝိုင်းတွင် ကွန်ဒုံးရရှိနိုင်ရန် လုပ်ဆောင်ပါ။
ရပ်ရွာဆိုင်များ၊ ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးဌာနများမှ အခမဲ့ (သို့) ဈေးသက်သာသော
ကွန်ဒုံးများရရှိနိုင်ရန် ဆောင်ရွက်ပါ။
• အခြားအမျိုးသားများအား ကွန်ဒုံးအသုံးပြုတတ်အောင် သင်ပေးနိုင်ရန်
အမျိုးသားများကို သင်တန်းပေးပါ။
• STDs / HIV နှင့် AIDS အပါအဝင် ကျန်းမာရေးပြဿနာများ
အကြောင်းပြောဆိုရန် ရပ်ရွာအဖွဲ့အစည်း ဖွဲ့ပေးပါ။
• ဒေသခံကျောင်းများတွင် လိင်မှုဆိုင်ရာ ပညာပေးခြင်းကို
အထောက်အကူပေးပါ။ STDs၊ HIV နှင့် AIDS အကြောင်းကို ကလေးများ အားသင်ကြားပေးခြင်းဖြင့်
၎င်းတို့ လိင်စတင်ဆက်ဆံသောအခါ အန္တရာယ်နည်းသော လမ်းများကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
မိဘတို့နားလည်အောင် ရှင်းပြပါ။
• မိမိတို့ သူငယ်ချင်းများအား HIV နှင့် AIDS အပါအဝင်
STDs များအကြောင်း သင်ကြားပေးရန် ဆယ်ကျော်သက်များကို အားပေးပါ။
ကွန်ဒုံးအကြောင်းရှင်းပြပြီး ငှက်ပျောသီးက ိုနမူနာအဖြစ်သုံးကာ
ကွန်ဒုံးသုံး စွဲနည်းကို လေ့ကျင့်ပေးပါ။
Ref: WEAVE
စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား
ပညာပေးရေးအဖွဲ့
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။