စီးကရက်အစားထိုး နည်းပညာ
24-Jan-2019
အီလက်ထရွန်နစ်စနစ်ကို အခြေခံပြီး ပြုလုပ်ထားသည့် အီး-စီးကရက်
(e-Cigarette) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်
ပစ္စည်းအဖြစ် တူညီစွာသတ်မှတ်နိုင်သည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး
အန္တရာယ်လျှော့ချရေးဆိုင်ရာ ထုတ်ကုန်များ၏ တွင်ကျယ်ထိရောက်စေမှုကို နှောင့်နှေးစေကြောင်း
ဗြိတိသျှ၊ အမေရိကန် ဆေးလိပ်နှင့် ေဆးရွက်ကြီးဆိုင်ရာ အဖွဲ့အစည်း
(British American Tobacoo - BAT) က ပြောကြားလိုက်သည်။
ပြည်တွင်းဈေးကွက်၌လည်း ဝယ်ယူရရှိနိုင်နေသည့် နီကိုတင်း
အန္တရာယ်ကို လျှော့ချပေးသော အီး-စီးကရက် ထုတ်ကုန်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက
ယခုကဲ့သို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများနှင့် တူညီသည်ဟု သတ်မှတ်ခဲ့ခြင်းကြောင့်
ဆေးလိပ်သောက်သုံးသူများသည် ၎င်းတို့အတွက် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖြစ်စေမှုကို
လျှော့ချပေးသည့် အီလက်ထရွန်နစ် ထုတ်ကုန် စီးကရက်များကို ရွေးချယ်သုံးစွဲနိုင်ရန် အခက်အခဲဖြစ်လာစေမည်ဟု
BAT မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mr. Kingsley Wheaton ကဆိုသည်။
အီး-စီးကရက်ဆိုသည်မှာ ဘက်ထရီပါဝါကို အဓိကအသုံးပြုပြီး
သုံးစွဲရသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအစားထိုး အီလက်ထရွန်နစ်ထုတ်ကုန်တစ်ခုဖြစ်ပြီး
သုံးစွဲသူများသည် ထိုပစ္စည်းတွင်ပါဝင်သည့် အရည်များကို အငွေ့အဖြစ် ပြန်လည်မှုတ်ထုတ်နိုင်ခြင်းကို
ပြုလုပ်နိုင်သည့် စီးကရက်အစားထိုး နည်းပညာ အခြေခံပစ္စည်းတစ်ခုဖြစ်သည်။
“တကယ်လို့ အီး-စီးကရက်တွေကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေနဲ့
အတူတူပဲလို့ သတ်မှတ်လိုက်ရင် ဆေးလိပ်သောက်သုံးတဲ့သူတွေထဲက အချို့ဟာ သူတို့အတွက အန္တရာယ်ဖြစ်စေမှုကို
နည်းစေတဲ့ အခုလို အီလက်ရွန်နစ်ထုတ်ကုန်တွေကို ရွေးချယ်ဖို့အခွင့်အရေးတွေ နည်းသွားစေပါလိမ့်မယ်”
ဟု အထက် ပါပုဂ္ဂိုလ်က ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။
ထို့အပြင် နိုင်ငံအသီးသီး၏ အစိုးရဖွဲ့များမှ ကျန်းမာရေးဆိုင်ရာ
တာဝန်ရှိသူများအနေဖြင့်လည်း နီကိုတင်း အန္တရာယ်ကို လျှော့ချပေးသည့် အထောက်အကူပြု
အီး-စီးကရက်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများနှင့် တူညီသည်ဟု တန်းတူသတ်မှတ်ချက်များကို
အလေးအနက်စဉ်းစားရန် လိုအပ်ကြောင်း အကြံပြုပြောကြားသည်။
“ဒီလိုအန္တရာယ်ဖြစ်စေမှုကို လျှော့ချပေးတဲ့ အီလက်ထရွန်နစ်
စီးကရက်တွေကို သောက်သုံးတာတွေ အခုထက်ပိုနည်းသွားမယ်ဆိုရင် ပြည်သူ့ကျန်းမာရေးအတွက်လည်း ဆိုးဝါးသွားစေပါလိမ့်မယ်”
ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အီး-စီးကရက်များကို ပြည်တွင်းရှိ အချို့သောစတိုးဆိုင်များ၊
ကုန်တိုက်များတွင် ဝယ်ယူရ ရှိနိုင်သော်လည်း အခြားနိုင်ငံများကဲ့သို့ စီးကရက်အစားထိုး
အီလက်ထရွန်နစ်ထုတ်ကုန်များကို သုံးစွဲမှု မှာ မြန်မာနိုင်ငံတွင်မူ တွင်ကျယ်မှုမရှိသေးကြောင်း
စုံစမ်းသိရသည်။
“ဒီကဈေးကွက်မှာတော့ အီး-စီးကရက်ကို သိတဲ့သူတောင် အများကြီးမရှိသေးပါဘူး။
ဒါပေမဲ့ သူကနီကို တင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးဖြစ်စေမှုကို လျှော့ချပေးတဲ့ အီလက်ထရွန်နစ်စီးကရက်ဆိုတော့
သူ့ကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေလို သတ်မှတ်လို့မရဘူးလို့ထင်ပါတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်
သည့် အီး-စီးကရက်သုံးစွဲဖူးသူ အမျိုးသားတစ်ဦးက ပြောသည်။
BAT သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို အစားထိုးသုံးစွဲနိုင်မည့်
အီး-စီးကရက်များကို သုတေသနစမ်းသပ်မှုများပြုလုပ်ပြီး ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကမ္ဘာတဝန်းတွင် ဆေးလိပ်သောက်သုံးနေသူ သန်းပေါင်း တစ်ဘီလီယံခန့်ရှိနေပြီး ၂၀၅၀ ခုနှစ်တွင်
၂.၂ ဘီလီယံအထိ တိုးတက်လာနိုင်သည်ဟု အဆိုပါအဖွဲ့အစည်းက ခန့်မှန်းထားပြီး ယင်းကြောင့်
အီး-စီးက ရက်များကို သုံးစွဲပြီး ဆေးလိပ်သောက်သုံးမှုနှင့် အန္တရာယ်ဖြစ်စေမှုကို လျှော့ချနိုင်ရန်
နိုင်ငံတိုင်း၏ အစိုးရ အဖွဲ့များက လုပ်ဆောင်သင့်ကြောင်း ၎င်းတို့၏ကြေညာစာတမ်းတွင် ပြောကြားထားသည်။
Ref: ယုဇနကိုကို
Source: Internet Journal
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး
ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။