Print

မီးဖွားပြီးစ မိခင်တွေ သိထားရမယ့်အချက်များ

  10-Feb-2019
Preview Image

ကိုယ့်ရဲ့အိမ်ဂေဟာမှာ ကိုယ့်ရင်သွေးလေးတစ်ယောက် တိုးလာတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တစ်ခုပါပဲ။ ဒါပေမဲ့ အဲ့ဒီကလေးမွေးဖွားခြင်း ဆိုတဲ့ဖြစ်ရပ်ကပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုအပြောင်းအလဲတွေကို ဆောင်ကြဉ်းလို့လာနိုင်ပါသေးတယ်။

• အဓိကကတော့ အနားယူလို့ရနိုင်သမျှ အနားယူပါ။ ဒီလိုအချိန်မှာ သင်လုပ်လို့ရနိုင်တာတွေက စားမယ်၊ အိပ်မယ်၊ ပြီးတော့ သင့်ရင်သွေးကို ပြုစုစောင့်ရှောက်မယ်။ ဒါပဲပေါ့နော်။ သာမန်ရာသီသွေးဆင်းချိန်တွေမှာလို မိန်းမအင်္ဂါကနေလည်း သွေးတွေ ဆင်းလိုက်၊ ရပ်လိုက်က သီတင်းပတ်ခြောက်ပတ်လောက်အထိ ဖြစ်နိုင်ပါတယ်။

• ခြေထောက်အချောင်းလိုက်နဲ့ ခြေခုံ၊ခြေဖဝါးတွေမှာလည်း ဖောရောင်လာနိုင်ပါတယ်။ ဝမ်းလည်းချုပ်နိုင်ပြီး ဓမ္မတာလာချိန် ခံစားရတဲ့ ဝမ်းဗိုက်နာကျင်မှုလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ သင်က သင့်ကလေးကို မိခင်နို့မတိုက်ဘူးဆိုရင်တောင်မှ သင့်နို့သီးခေါင်းတွေကနေ နို့ရည်တွေ စိမ့်ထွက်လာပြီး နို့နှစ်ဖက်စလုံးမှာ နို့ရည်တွေပြည့်လာတာတို့၊ သက်သောင့်သက်သာ မရှိတာတို့ ခံစားရနိုင်ပါတယ်။

• များမကြာမီသီတင်းပတ်အနည်းငယ်မှာပဲ သင်ပြုလုပ်လို့ရတော့မယ့် လှေကားတက်တာ ဒါမှမဟုတ် လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုတွေကို ဘယ်လောက် အတိုင်းအတာထိ လုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

• မီးဖွားပြီးနောက် သီတင်းပတ် ခြောက်ပတ်လောက်အထိ လိင်ဆက်ဆံတာကို ရှောင်ကြဉ်ဖို့ကိုလည်း ဆရာဝန်တွေက မှာကြားပါလိမ့်မယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပြင် သင့်အနေနဲ့ ဝမ်းနည်းအားငယ်စိတ်တွေ ဒါမှမဟုတ် baby blues လို့ခေါ်တဲ့ မီးဖွားပြီးစ စိတ်ဓာတ်ကျဆင်းမှုတွေ ခံစားရနိုင်ပါသေးတယ်။ အလွန်အမင်း ဝမ်းနည်းနေပြီ၊ သင့်ကလေးကို သင်ကိုယ်တိုင် မပြုစုနိုင်တော့လောက်အောင် စိတ်ဓာတ်တွေ ဆောက်တည်ရာမရဖြစ်နေပြီဆိုရင်တော့ သင်ဟာ မီးဖွားပြီးကာလ စိတ်ကျရောဂါလို့ခေါ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ရပ်ကို ရောက်ရှိသွားတာ ဖြစ်နိုင်ပါတယ်။

Ref:
Credit: ဖိုးသူတော် (www.phothutaw.com)
ကျန်းမာရေး.ဗဟုသုတ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18