နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့် သဘာဝနည်းလေးများ
18-Feb-2019(၁) တစ်ကိုယ်လုံးက ကြွက်သားတွေနဲ့ အရိုးများနာကျင်ကိုက်ခဲနေပါသလား။
ဂျင်း လက်တဆစ်လောက်ကို နေ့တိုင်းစားပေးပါ။ (အဆစ်ရောင်ရောဂါတွေအပြင်၊
အဆစ်တွင်းရှိ အရိုးနုများ ပျက်စီးတဲ့ရောဂါ တို့ကိုပါ ၇၅ ရာခိုင်နှုန်းလောက် သက်သာသွားစေနိုင်ပါတယ်)
(၂) သွားကိုက်ပြီး သွားဖုံးတွေရောင်ကိုင်းနေပါသလား။
လေးညှင်းပွင့် ၂ ပွင့်ကို အာခံတွင်းထဲမှာ ဖြည်းဖြည်းချင်းမြုံ၍
ဝါးပေးပါ။
(၃) ဘာအစာမှ စားချင်စိတ်မရှိဘဲ လေပူထနေပါသလား။
ပန်းသီးတစ်ခြမ်းကို အခွံနွှာပြီးနောက် ညက်ညက်ဝါးစားပေးလိုက်ပါ။
(၄) နားကိုက်နေပါသလား။
ကြက်သွန်ဖြူ ၃ တက် လောက်စားပါ။
(၅) ခေါင်းအုံပြီး ကိုက်ခဲနေပါသလား။
ချယ်ရီသီး လက်တဆုပ်စာလောက် နေ့စဉ်စားပေးပါ။
(၆) အူရောင်ငန်းဖျား ရောဂါဖြစ်နေပါသလား။
အဆီများတဲ့ငါးများဖြစ်ကြတဲ့ ဆယ်လ်မွန်၊ တူနာ၊ ငါးသေတ္တာငါးများနှင့်
ပင်လယ်ငါးအမျိုးမျိုး တို့စားပေးပါ။
(၇) ကျန်းမာရေးအတွက် ဘက်စုံ ကောင်းချင်ပါသလား?
အဆီမပါတဲ့ ဒိန်ချဉ်ကို နေ့စဉ် ၂ ခွက်လောက်သောက်ပေးပါ။
(၈) ခန္ဓာကိုယ်တစ်ခုလုံး (နာတာရှည်) နာကျင်ကိုက်ခဲနေပါသလား။
နနွင်းမှုန့်စစ်စစ်ကို နေ့စဉ် လ္ဘက်ရည် ဇွန်း ၄ ပုံ ၁ ပုံ
လောက် သောက်ပေးပါ။
(အရိုး၊ အကြောနဲ့ ကိုယ်တိုင်းကိုယ်ပ ရောင်ရမ်းနာတွေကို
သက်သာစေတဲ့အပြင် ကင်ဆာရောဂါများ၊ မျက်လုံးရေတိမ်စွဲခြင်းနဲ့အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်အကြိုဇရာ
ရောဂါတွေကို မဆိုးဝါးလာအောင် ထိန်းထားပေးနိုင်ပါတယ်)
(၉) အမျိုးသမီးရောဂါ ဖြစ်နေပါသလား။
ကွေကာအုပ် (အကြမ်း) နေ့စဉ်စားပေးပါ (သားအိမ်အတွင်းမြှေးများကို ကောင်းကျိုးပြုပါတယ်)
Ref;
KK ကနောင်
Credit to ပေါက်ပေါက်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။