Zollinger Ellison syndrome /Gastrinoma (Gastrin ဟော်မုန်း ထွက်သည့် အလု...
23-Feb-2019အူလမ်းကြောင်းအတွင်းမည်သည့်နေရာတွင်မဆို
တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသော အလုံးများ ဖြစ်ပွားပြီး ၎င်းအလုံးအကျိတ်မှ
Gastrin ဆိုသည့် ဟော်မုန်း ကိုထွက်စေကာ အစာအိမ်မှ အက်စစ်ထွက်မှုကိုအဆမတန်ပိုများစေပြီး
အစာအိမ်အနာဖြစ်ခြင်းများကို ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
လက္ခဏာများ
-ဗိုက်အောင့်ခြင်း
-ဝမ်းလျှောခြင်း
-ဗိုက်ထဲတွင်
ပူပြီး နာခြင်း၊ အောင့်ခြင်း
-ပျို့အန်ခြင်း
-အူလမ်းကြောင်းအတွင်းသွေးထွက်ခြင်း
-ကိုယ်အလေးချိန်ကျသွားခြင်း
-အစားအသောက်ပျက်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
Z-E
syndrome ကိုဖြစ်စေသည့်အဓိက အကြောင်းရင်းမသိသေးပါ။
အချို့လူများတွင်
မွေးရာပါဗီဇပြောင်းလဲမှုများနှင့်လည်း သက်ဆိုင်နိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
မိမိ၏
မျိုးရိုး ၊ ဆွေမျိုး၊ မောင်နှမသားချင်းထဲတွင် ၎င်းရောဂါရှိပါက မိမိတွင်လည်းဖြစ်ဖို့များပါသည်။
စစ်ဆေးမှုများ
-ဆရာဝန်မှ
ရောဂါရာဇဝင်မေးမြန်းခြင်း
-သွေးစစ်ခြင်း
- သွေးထဲတွင် gastrin ပမာဏစစ်ဆေးခြင်း
-အစာအိမ်မှန်ပြောင်းကြည့်ခြင်း
-ဓာတ်မှန်ရိုက်ခြင်း-
CT scan, MRI scan ရိုက်၍အခြားရောဂါများနှင့်တွဲ၍ ရှိမရှိစစ်ဆေးခြင်း၊ ဥပမာ-
pituitary and pancreatic tumor in MEN-1( Multiple endocrine neoplasia-1)
ကုသခြင်း
ကင်ဆာအလုံးအား
ခွဲစိတ်နည်းဖြင့် ဖယ်ထုတ်ခြင်း- တစ်လုံးတည်းဖြစ်ပါက ခွဲစိတ်ရလွယ်ကူသော်လည်း များပြားစွာဖြစ်နေပါက
(သို)့ အခြားနေရာများသို့ပျံ့နေပါက ခွဲစိတ်ရခက်ခဲပါသည်။
ထို့အပြင်
အက်စစ်အထွက်များပြီး အစာအိမ်အနာဖြစ်ပေါ်နေမှုအတွက် အက်စစ်ပြေဆေး၊ အနာသက်သာဆေးများပေးကာ
ကုသပေးရပါမယ်။
Dr.hp
Ref:
Mayo clinic