Absence Seizures (မသိလိုက်မသိဘာသာ တက်ခြင်း)
25-Feb-2019မည်သူမျှ
သတိမထားမိလိုက်သော အချိန်တိုလေးအတွင်းတွင် သတိလွတ်သွားခြင်းကို ဆိုလိုပါသည်။
လက္ခဏာများ
လူတစ်ယောက် တစ်နေရာကို စူးစိုက်ကြည့်နေခြင်းနှင့် ပုံစံဆင်တူသည်။ စက္ကန့် ၁၀ မှ ၁၅ စက္ကန့်သာ ကြာမြင့်သည်။ အခြား အတက်ရောဂါများကဲ့သို့ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ မှိန်းခြင်းတို့ မဖြစ်ပေါ်တတ်ပါ။
အတွေ့ရများသော
ပုံစံများမှာ-
- မိမိပြုလုပ်နေသည့်
ပုံစံအနေအထား ရပ်တန့်သွားခြင်း ဥပမာ- စကားပြောနေရင်း ရုတ်တရက် ရပ်တန့်သွားခြင်း။
- နှုတ်ခမ်းစုပ်ခြင်း
- မျက်တောင်
တဖျတ်ဖျတ် ခတ်ခြင်း
- ပါးစပ်မှ
တခုခုဝါးသည့် အမူအရာ ဖြစ်နေခြင်း
- လက်ပွတ်ခြင်း
- လက်လှုပ်ခြင်း
- ကလေးတစ်ယောက်
အနေဖြင့် သင်ကြားရေးတွင် နှောင့်နှေးခြင်း၊ သင်ကြားရခက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်စေသော အဓိက အကြောင်းရင်းမရှိပါ။ အချို့ကလေးများတွင် မွေးရာပါမျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်သည်။ အသက်ရှူမြန်ခြင်းသည်လည်း ပို၍ဆိုးစေသော အကြောင်းရင်းတွင် ပါဝင်သည်။ ယေဘုယျခြုံကြည့်လျှင် ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးသည့် အာရုံကြောလေးများ ပုံမှန်နှင့်မတူဘဲ ပြောင်းလဲနေသည့်အတွက်ကြောင့် ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
- အသက် ၄
နှစ်နှင့် ၁၀နှစ်အတွင်းရှိ ကလေးများ
- အတက်ရောဂါ
အတော်များများသည် ယောကျာ်းလေးတွင် အဖြစ်များသော်လည်း ယခုရောဂါသည် မိန်းကလေးများတွင်ပို၍
အဖြစ်များသည်။
- အဖျားကြီးတိုင်း
တက်ဖူးသည့် ကလေးဖြစ်လျှင်
- မိဘမျိုးရိုးထဲတွင်
အတက်ရောဂါရှိလျှင်
နောက်ဆက်တွဲ ပြဿနာများ
- ကလေးဘဝတွင်
ရောဂါမပျောက်သွားဘဲ ကြီးသည်အထိ ဖြစ်တတ်ခြင်း
- အချို့သူများတွင်
မသိလိုက်မသိဘာသာ တက်ခြင်းမှတဆင့် ပို၍ဆိုးသောအတက် ဖြစ်သွားခြင်း
- သင်ကြားရ
ခက်ခဲခြင်း
- အပြုအမူ
ပြောင်းလဲခြင်း
- ပတ်ဝန်းကျင်
နှင့်ကင်းကွာခြင်း။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- အတက်ရောဂါရှိခြင်းကို
စတင်သိရှိသည်နှင့် ပြသင့်သည်။.
- ပုံမှန်တက်နေသည့်
ပုံစံနှင့်မတူဘဲ တက်လျှင်။
- ဆေးသောက်နေသော်လည်း
အတက်မသက်သာဘဲ ဆက်၍ရှိနေလျှင်။
စစ်ဆေးမှုများ
Electroencephalography(
EEG)- လျှစ်စစ်ဖြင့် ဦးနှောက်စမ်းသပ်ခြင်း။
Brain
scan- CT scan, MRI scan - ဦးနှောက်ဓာတ်မှန် ရိုက်ခြင်း။
ကုသခြင်း
အတက်ကျဆေးများ
ပုံမှန်သောက်သုံးရမည်။ အတက်သက်သာပြီးနောက် ၂ နှစ်အထိ ဆေးကိုတဖြည်းဖြည်း ဖြတ်သွားရန်
လိုအပ်ပါသည်။ ထိုအရာများကို ဆရာဝန်မှ လိုအပ်သလို ညွှန်ကြားပါလိမ့်မည်။
Ref: Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။