သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူလှန်းပေးရန် လိုအပ်
02-Mar-2019မသိမသာရောဂါများကိုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာပါ
သင်နှင့်နီးစပ်နေပြီး အိပ်စက်သည့်အခါ ထိတွေ့နေသည့် ခေါင်းအုံးဆိုတာ သတိမထားကြပါ ဒါကြောင့်
သတိမထားမိခြင်း မဖြစ်မိစေရန်အတွက် အခုလို့အသိပေးအပ်ပါသည် ။လူတွေအားလုံး
မည်သူမဆို အိပ်စက်သည့်အခါတွင် ခေါင်းအုံးဖြင့် အနားယူအိပ်စက်ကြပါတယ်
အဲလို့ အိပ်စက်သည့်အခါတွင် လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော
ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။
အဲဒီလို့ဖြစ်ပေါ်ခြင်းကြောင့် ခေါင်းအုံးအဖုံးအပါ ခေါင်းအုံးကိုပါညစ်ညမ်းစေပြီးရက်ပေါင်းများစွာကြာသည့်အခါ
ခေါင်းအုံးသည် အညစ်အကြေးစုုလာ နေသောနေရာ ဖြစ်လာပါတော့
သည်။ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို
စုပ်ယူတတ်သဖြင့်
ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ ခေါင်းအုံးတွင်
တွယ်ကပ်ဖြစ်သော
လာသော ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစပ်ဖြစ်ပွားခြင်းလဲ ခံစားရနိုင်ပါသည်။
အထူးသဖြင့်
အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊
အရေပြားရောဂါ
ရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌
ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။
ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊
ခေါင်းအုံးဖုံးပဝါကို မကြာခဏ
လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင်
မကြာခဏ နေပူလှန်း
ပေးရပါမည်။အထူးသဖြင့်အအေးမိရောဂါနှင့်အခြားကူးစက်တတ်သည့်
ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို အထူးသဖြင့် သန့်ရှင်းအောင်ဂရုတစိုက်လုပ်ဆောင်ပေးရန်
လိုအပ်လာသဖြင့် နောက်တစ်ထည်လဲလည်သုံးစွဲပြီး သုံးစွဲပြီးသားကို
လျှော်ဖွပ်သန့်စင်
ပေးရပါတယ် ။ ခေါင်းအုံးကို အိပ်ခန်းတွင်းမှာ ထုတ်ယူပြီး
လေသာ နေသာသောနေ
အခါတွင် နေပူလှန်းပေးရပါမည်။ သို့မှသာတွယ်ကပ်နေပြီး လူကိုဒုက္ခပေးသော
ရောဂါပိုးနှင့်
ဗိုင်းရပ်စ်ပိုး ကင်းစင်သွားခြင်းဖြင့် ရောဂါဘယဖြစ်ပေါ်လာခြင်းကို
ဝေးကွာသွားပါလိမ့်မည်။
အဲလိုမှ သင်သည်လုပ်ဆောင်ခြင်း မပြု့လုပ်ပါက လူအညစ်အကြေးကြောင့်
ကူးစပ် ဖြစ်ပွားနိုင်သော ရောဂါများ တိုးပွားရရှိနိုင်ပါသည် ။ ဒါကြောင့် သင်အိပ်နေသော
ခေါင်းအုံး
များကို မဖြစ်မနေ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အပြင်ထုတ်နေပူလှန်းခြင်းလုပ်ဆောင်
သင့်ပါကြောင့်တိုက်တွန်းပြောကြားရင်းအသက်ရာကျော် ရှည်ပါစေ
။
Healthcare.com.mm
Ref:
Mg Mandalay
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။