Print

ခြောက်လအောက် ကလေးနေ့စဉ် ဝမ်းမသွားခြင်းနှင့် ဝမ်းအကြိမ်များခြင်း

  04-Mar-2019
Preview Image

ခြောက်လအောက် ကလေးအတွက် အာဟာရဆို၍ မိခင်နို့တစ်မျိုးတည်းသာ လိုအပ်သည်။ ရေပင်တိုက် စရာမလို။ ဒီမျှအစာကြေလွယ်သော မိခင်နို့တစ်မျိုးတည်းသာ စို့နေသော ကလေးငယ်က နေ့တိုင်း ဝမ်းသွားချင်မှ သွားမည်။ တစ်ခါတစ်ရံ ခုနှစ်ရက်ခန့်အထိ ဝမ်းမသွားဘဲလည်း နေချင်တေတ်သည်။ စိုးရိမ်စရာမလို။ ဝမ်းချူပေး စရာမလို။ ကလေး အထွေထွေ ကျန်းမာရေးကောင်း၍ ပုံမှန်စို့နေလျှင် သည်အတိုင်း စောင့်နေရုံသာ။

အလားတူပင် ကလေးက တစ်ခါတစ်ရံ ဝမ်းသွားသည့်အကြိမ် များတတ်သည်။ အရောင်ကပင် အနည်းငယ် စိမ်းချင် စိမ်းဦးမည်။ အရည်အနည်းငယ် ကျဲချင် ကျဲဦးမည်။ မိခင်နို့ချည်းပဲ စို့နေသည့်ကလေးတစ်ယောက် အူထဲသို့ ဝမ်းသွား၊ ဝမ်းပျက်ပိုး ဘယ်လိုမှမဝင်နိုင်။ ပုံမှန် လန်းဆန်း၊ ပုံမှန် နို့စို့၊ ပုံမှန်အလေးချိန် တက်နေသော ကလေးကို ဝမ်းသွားသည့်အကြိမ် များရုံနှင့် စိုးရိမ်စရာ မလိုပါ။

ဒါမှ မသင်္ကာလျှင်တော့ ဝမ်းစစ်ကြည့်နိုင်သည်။ မိသားစုဆရာဝန် ပြကြည့်နိုင်ပါသည်။ ပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးတွေတော့ ကိုယ့်သဘောနှင့်ကိုယ် မတိုက်သင့်ပါ။

Ref: 
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18