ကလေးနို့အန်ခြင်း
10-Mar-2019မွေးကင်းစမှသည် ခြောက်လအရွယ်အထိ ကလေးများ နို့စို့ပြီးလျှင် ရံဖန်ရံခါ
နို့ပြန်အန်တတ်သည်။ ဆေးပညာက posetting ဟုခေါ်သည်။ မြန်မာအခေါ်အဝေါ်လည်း
နို့သက်သည်ဟုရှိသည်။ ဗိုက်နှင့် မဆံ့အောင် နို့ကိုစို့၍ ပိုသောနို့ကို
ပြန်ထုတ်ခြင်း သက်သက်သာ။ ကလေးက လန်းဆန်းနေပြီး ပုံမှန်အလေးချိန် တက်နေလျှင်
စိုးရိမ်စရာမဟုတ်။ တစ်ခါတစ်ရံ နှာခေါင်းထဲမှာပင် ထွက်တတ်သည်။ နှာခေါင်းထဲမှ
ထွက်ခြင်းသည်လည်း စိုးရိမ်စရာ လက္ခဏာမဟုတ်။ နို့ဖတ် အတုံးလေးများလည်း ပါတတ်သည်။
ဒါကလည်း နို့နှင့်အစာအိမ်ထဲမှာ အက်စစ်ဓာတ် တွေ့၍လည်း ဖြစ်ပေါ်လာခြင်းဖြစ်ရာ သဘာဝသာဖြစ်သည်။
စိုးရိမ်စရာမဟုတ်ပါ။
၁။ ကလေးက အလေးချိန် ကျဆင်းလာလျှင် သို့မဟုတ် တက်သင့်သလောက်မတက်လျှင်။
၂။ အန်သည့်ထဲတွင် သွေး သို့မဟုတ် စိမ်းစိမ်းစိုစို သည်းခြေရည်တို့ ပါဝင်လာလျှင်။
၃။ ဖျားနေလျှင်။
၄။ ဝမ်းလျှောနေလျှင်။
၅။ ချောင်းဆိုးနေလျှင်။
၆။ အရေပြားခြောက်ကပ်၍ မျက်တွင်းများ ခွက်လာလျှင်။
၇။ သတိလစ်လျှင် သို့မဟုတ် တက်လျှင် အစရှိသည့် လက္ခဏာများနှင့် တွဲဖက်လာလျှင်တော့
ဆရာဝန်ပြ၍ စစ်ဆေးခံရန် လိုအပ်ပေသည်။
Ref:
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
Pg,113-114