အသားအရေအတွက် စိတ်ဖိစီးမှုကို ဘာကြောင့်နေ့စဉ်လျှော့ချသင့်သလဲ
10-Mar-2019
စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ ကော်တီစောဟော်မုန်းထွက်လာပြီး
အရေပြားမှာ အောက်ပါ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။
- အရေးအကြောင်းထင်ခြင်း
စိတ်ဖိစီးမှုဆိုင်ရာ ကော်တီစေဟော်မုန်းကြောင့် သွေးတွင်းသကြားဓာတ်
မြင့်တက်လာကာ အရေပြားရှိ ကော်လာဂျင်ကို လျော့ကျစေကာ အရေးကြောင်းထင်စေပါတယ်။
- ဝက်ခြံပေါက်ခြင်း
ကော်တီစေဟော်မုန်းမြင့်တက်တာကြောင့် ဝက်ခြံတွေထွက်လာတတ်ပါတယ်။
- အသားအရေခြောက်သွေ့ခြင်း
လေ့လာမှုအရ ကော်တီစေဟော်မုန်းတွေ အရေပြားကို ကာကွယ်ပေးထားတဲ့
အရာတွေကို ထိခိုက်စေပြီး အသားအရေခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနှင့် ရောင်ရမ်းတာတွေကို
ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ခန္ဓာကိုယ်ထဲမှာ ကော်တီစေဟော်မုန်းတွေ ထွက်ရှိမှု လျော့ကျပြီး
အသားအရေ နုပျိုးလှပစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။
- အိပ်စက်အနားယူပါ။
တစ်ညကို အနည်းဆုံး ခုနှစ်နာရီခန့် အိပ်ချိန်ထားရှိပေးပါ။
- ကဖင်းဓာတ်ကိုရှောင်ပါ
ကော်ဖီကြိုက်သူဆိုရင်တောင် တစ်နေ့မှာ ကော်ဖီ ၂-၃ ခွက်ထက်
ပိုမသောက်ပါနဲ့။
- အာဟာရပြည့်ဝစွာ စားပါ
သကြားနည်းတဲ့ အစားအသောက်တွေ စားပါ။ ဆားပါဝင်မှုများတဲ့
အစာတွေကလည်း အရေပြားကို ဖောင်းအစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားနှင့်ဆားကို တတ်နိုင်သမျှ
လျှော့စားသင့်ပါတယ်။
- အိုမီဂါ ၃ ဖက်တီးအက်စစ် မှီဝဲပါ
အိုမီဂါ ၃ မှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့်
အသားအရေစိုပြေစေပါတယ်။ အိုမီဂါ ၃ ဖက်တီအက်စစ်ကို ငါးအဆီ၊ အခွံမာစေ့ စတာတွေမှာ တွေ့ရပါတယ်။
- အနားယူပါ။
စိတ်ရောကိုယ်ပါ အနားပေးတာက အသားအရေကို ကျန်းမာလှပစေပါတယ်။
Healthcare.com.mm
Ref: Arogyam Magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
