Eyebrow Threading vs Tweezing
11-Mar-2019မြတ်စု မျက်ခုံးမွှေးနဲ့ ပတ်သက်ပြီး ဖတ်ထားတဲ့
article မျှဝေချင်ပါတယ်။ မျက်နှာအစိတ်အပိုင်းမှာ တိကျပြတ်သားလှပတဲ့ မျက်ခုံးမွှေး ပိုင်ဆိုင်ခြင်းဟာ
အရေးပါလှပါတယ်။ ဘယ်လောက်ဘဲ အလှပြင်ထားပါစေ သေသပ်လှပတဲ့ မျက်ခုံးမွှေးတစ်စုံ မပိုင်ဆိုင်ထားဘူူူးဆိုရင်တော့
ပြီးပြည့်စုံတဲ့ အလှမဖြစ်ပါဘူး။ လှပသေသပ်သော မျက်ခုံးမွှေးပိုင်ဆိုင်ဖို့ဆိုတာ တကယ်တော့ ပြောသလောက် မလွယ်ကူပါဘူူး။ မြတ်စု ကိုယ်တိုင်
မိတ်ကပ်ကို စထိတွေ့တဲ့ ခါတုန်းကဆို မျက်ခုံးမွှေးဖြောင့်အောင်
မဆွဲနိုင်ခဲ့ဘူး။ Practice makes perfect ဆိုတဲ့အတိုင်း
၁ နှစ်လောက် အချိန်ယူလိုက်ရပါတယ်။ ဒါလေးကတော့ ကိုယ်တွေ့ experience လေးပေါ့။ မျက်ခုံးကို
ဘယ်လောက်ဘဲ အပေါ်က eyebrow pencils တွေနဲ့ဆွဲဆွဲ
မျက်ခုံးမွှေးကိုရိတ်ပြီး သေချာ ပုံမဖော်ထားရင်တော့ အလကားပါဘဲ။ ဒီ article အကြောင်းကတော့ မိမိရဲ့ မသေသပ်ဘဲ ပြန့်ပေါက်နေတဲ့
မျက်ခုံးမွှေးကိုနည်း ၂ မျိုးသုံးပြီး ရိတ်နိုင်ကြောင်း ပြောပြထားပါတယ်။Threading လို့ခေါ်တဲ့
အပ်ချည်ကြိုးသုံးပြီး မျက်ခုံးကို ရိတ်နည်းနဲ့ Tweezing လို့ခေါ် တဲ့ tweezer ( မွှေးညှပ်ဇာဂနာ)
သုံးခြင်းတို့ဖြစ်ပါတယ်။
Threading နည်းနဲ့ရိတ်တဲ့မျက်ခုံးမွှေး နဲ့
Tweezing နည်းနဲ့ရိတ်တဲ့ မျက်ခုံးမွှေး ကွာ ခြားချက်က Final eyebrow shape ဖြစ်ပါတယ်။
Tweezing နည်းနဲ့ဆို မျက်ခုံးမွှေးများကို အမြစ်ပါအောင် နုတ်နိုင်တော့ "
clean, precise , defined brows" ဖြစ် စေပြီး Threading နည်းလည်းထိုနည်းတူစွာပြောင်အောင်
ရိတ်နိုင်ပြီး သူ့ကိုတော့ natural look လိုချင်တဲ့သူတွေအတွက် အကြံပြုပါတယ်။ Tweezer
မပေါ်ခင်တည်းက Threading နည်းဟာဆို နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်တဲ့နည်းဖြစ်ပါတယ်။
ဒါ့အပြင်ခုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ eyebrow waxing ကတော့ eye area နားဖြစ်တဲ့အတွက်
harsh ဖြစ်ပါတယ်. Waxing နည်းဟာဆိုပြတ်သားတဲ့ shape မပေးနိုင်တဲ့အပြင် eyebrow ပါ မတော်တဆပုံပျက်နိုင်ပါတယ်။
မြတ်စုအတွေ့အကြုံရဆို waxing ကိုအားမပေးပါဘူး။ ကိုယ်တိုင်လည်း လုပ်ဖူးပြီး final
result မကောင်းပါဘူး။ မြတ်စုကတော့ Tweezing နည်းကို သဘောကျဆုံးပါ။ နုတ်တဲ့မျက်ခုံးမွှေးလည်း
ကြာကြာ နေမှပြန်ပေါက်ပြီး သပ်ရပ်တဲ့ result ပေးနိုင်ပါတယ်။ threading ကိုတော့ ခုထိမလုပ်ဖူးသေးပါဘူး။
ကောင်းတဲ့ဆိုင်များသိရင် recommend သွားပါနော်။ Eyebrow shapeက မိန်းကလေးတစ်ယောက်အတွက် အဓိကကျတာမို့ ဒီအကြောင်းလေး
share ပေးလိုက်ပါတယ်နော်။ အထောက်အကူဖြစ်လိမ့်မယ် လို့မျှော်လင့်ပါတယ်။
Ref: မြတ်စု
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။