Print

Brain Tumor ဦးနှောက်အတွင်း အလုံးအကျိတ်

  12-Mar-2019
Preview Image

အလုံးအကျိတ်ဟု ဆိုရာတွင် အလုံးအကျိတ်တိုင်းသည် ကင်ဆာ (Cancer) မဟုတ်ပါ။ ရိုးရိုး (Benign) အလုံးအကျိတ်နှင့် ကင်ဆာ အကျိတ်ဟူု၍ နှစ်မျိုးခွဲနိုင်သည်။ 

ကင်ဆာအကြောင်းကို ဆက်၍တင်ပြသွားပါမည်။ 
အလုံးအကျိတ်သည် ကြီးထွားမှု မြန်ဆန်ပြီး အခြားနေရာများသို့ လျင်မြန်စွာ ပျံ့နှံ့ကာ ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက ကင်ဆာဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ဦးနှောက်အကျိတ်ဖြစ်ပေါ်ခြင်းကို နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။ 
- Primary (Brain အတွင်းမှ စတင်၍ အလုံးအကျိတ်ဖြစ်ပေါ်မှု)
- Secondary (အခြားခန္ဓာကိုယ်အတွင်း ကင်ဆာတစ်ခုခုမှ ပျံ့နှံ့လာခြင်း) ဟူ၍ ဖြစ်သည်။

>>>ဘယ်အသက်တွေမှာဖြစ်နိုင်သလဲ?


မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါသည်။ ခံစားရမည့် ရောဂါလက္ခဏာများမှာ-
- ခေါင်းကိုက်ခြင်း
- တက်ခြင်း
- ပျို့အန်ခြင်း
- အကြား၊ အမြင် ချို့တဲ့ခြင်း
- ဝူးဝူးဝါးဝါးနှင့် ပြောချင်ရာစကားပြောခြင်း
- Memory (အသိဉာဏ်ချို့တဲ့ခြင်း)
- ပုံမှန်ပြုလုပ်နေကျ အပြုအမူများ ပြောင်းလဲသွားခြင်း
- ဒယိမ်းဒယိုင်လမ်းလျှောက်ခြင်း (သို့) လုံးဝ လမ်းမလျှောက်နိုင်တို့ခြင်းများ ပါဝင်သည်။ 

>>>ဘယ်လိုလူမျိုးတွေမှာ ရောဂါပိုဖြစ်နိုင်သလဲ?


- မိဘမျိုးရိုးထဲတွင် ဖြစ်ဖူးသည့်လူများ
- ယခင်က ခေါင်းကို ဓာတ်မှန်မကြာခဏရိုက်ဖူးသူများ
- အိမ်တွင်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ Chemicals ဓာတုပစ္စည်းများနှင့် အချိန်ကြာကြာ ထိတွေ့နေရသူများ
- ဦးနှောက်ထိခိုက်နိုင်သည့် ရောဂါပိုးဝင်ခံထားရသူများ (ဥပမာ ခုခံအားကျဆင်းနေသူများတွင် အများဆုံးတွေ့ရတတ်သည့် Ebstein-Barr Virus ဝင်သည့် ရောဂါ)
- ဓာတ်ရောင်ခြည်ထိတွေ့မှု (နားကြပ်မသုံးဘဲ ဖုန်းကြာကြာပြောခြင်း၊ အိပ်ယာဝင်သည့်အခါ ဖုန်းကိုဦးခေါင်းနားထားကာ အမြဲအိပ်ခြင်း)

>>>သေချာသိနိုင်အောင် ဘယ်လိုစစ်ဆေးနိုင်လဲ?

- MRI - သံလိုက်ဓာတ်မှန်
- CT - ကွန်ပြူတာဓာတ်မှန်
- Biopsy -အသားစထုတ်ယူ၍ စစ်ဆေးစမ်းသပ်ခြင်း။

>>>ဘယ်လိုကုသမှုမျိုးခံယူနိုင်လဲ?

***မည်သည့်ရောဂါ၊ မည်သည့်ကုသမှုမျိုးမဆို စောစောသိ၊ စောစောကုလေ ကောင်းလေဖြစ်သည်။ 
- Surgery (ခွဲစိတ်ကုသခြင်း)
- Radiation (ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း)
- Chemotherapy (ဆေးသွင်းကုသခြင်း)
- Electric field therapy (ဦးနှောက်အပြင်ဘက်မှ လျှပ်စစ်ဓာတ်ပေး၍ ကုသခြင်း)
အထက်တွင် ဖော်ပြခဲ့သော ကုသမှုများသည် ကင်ဆာအလုံး၏ အရွယ်အစား၊ အမျိုးအစား၊ ရောဂါရှိမှန်း စပြီးသိရှိချိန်တွင် ရှိနေသည့် အဆင့် (Stage, grade) ပေါ်မူတည်သည်။

>>>ဘယ်လိုကာကွယ်ရမလဲ? ကာကွယ်လို့ရပါသလား?

အချို့ ရှောင်လွှဲ၍ရနိုင်သည့် ရောဂါဖြစ်စေနိုင်သော နည်းလမ်းများကို ရှောင်ကြဉ်၍ ကာကွယ်နိုင်ပါသည်။ ဥပမာ ဓာတုဗေဒ ပစ္စည်းများနှင့် မထိတွေ့အောင် နေထိုင်ခြင်း၊ ဖုန်းကြာကြာပြောလျှင် နားကြပ်ဖြင့်ပြောခြင်း) စသဖြင့် ကာကွယ်နိုင်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ။
Dr. hp
Healthcare.com.mm

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18