အသားဖြူ ဆပ်ပြာတွေ အသုံးပြုခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ
17-Mar-2019အခုခေတ်မှာ မိမိအသားအရေ ပိုမိုဖြူဝင်းစေဖို အတွက် တော်တော်များများဟာ
အသားဖြူဆပ်ပြာနဲ့ခရင်မ်တွေကို အဓိက ထားသုံးလာကြပါတယ်။ အသားဖြူ ဆပ်ပြာတွေဟာ တင်းတိပ်၊
နေလောင်ကွက်၊ ဝက်ခြံအမာရွတ် နဲ့အရေးအကြောင်းတွေကိုပါ
ပျောက်စေပါတယ်။ ဂလစ်ဆရင်းနဲ့သဘောၤသီး ပါဝင်ပစ္စည်းတွေအသုံးပြုထားတဲ့
အသားဖြူဆပ်ပြာတွေက ဘေးအန္တရာယ်မရှိပေမယ့် hydroquinone ဒြပ်ပေါင်းနဲ့ပြဒါး ပါဝင်တဲ့
ဆပ်ပြာတွေကတော့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
Hydroquinone ဒြပ်နဲ့ပြဒါးတို့ပါဝင်တဲ့ အသားဖြူဆပ်ပြာတွေရဲ့
ဆိုးကျိုးတွေကတော့
၁။ Ochronosis (တစ်သျူးအရောင်ပြောင်းလဲမှု ရောဂါလက္ခဏာ)
Ochronosis ဆင်ဒရုန်းဆိုတာ ရှားပါးရောဂါလက္ခဏာ တစ်ခုဖြစ်ပေမယ့် Hydroquinone
ဒြပ်ပေါင်းကို အရေပြားပေါ် ထိတွေ့ခြင်းကြောင့် ဒီရောဂါရနိုင်ပါတယ်။ အရေပြားကိုဖြူဖွေးစေတဲ့
ထုတ်ကုန် ပစ္စည်းတွေမှာပါတဲ့ hydroquinone ဒြပ်ပေါင်းကို
ရေရှည်ထိတွေ့အသုံးပြုမှုကြောင့် အဖြစ်များပြီး အဆိုပါ
အလှကုန်ပစ္စည်းကို လိမ်းလေ့ရှိတဲ့ အရေပြားတစ်ဝိုက်မှာ အမည်းရောင်အကွက်တွေ ဖြစ်ပေါ်တဲ့
ရောဂါဖြစ်ပါတယ်။ အညိုရောင်နဲ့အပြာရောင်အကွက်တွေလည်းဖြစ်ပေါ်လေ့ရှိပါတယ်။
Hydroquinone ဒြပ်ပေါင်းဟာ Ochronosis ဆင်ဒရုန်းအပြင်
ကင်ဆာရောဂါဖြစ် စေနိုင်သလို ကျောက်ကပ်က အဒရီနယ်ဂလင်းကိုလည်း
ထိခိုက်စေပါတယ်။
၂။ ပြဒါးရဲ့ ဘေးထွက်ဆိုးကျိုးများ
တချို့အသားဖြူဆပ်ပြာတွေမှာ အသုံးပြုထားတဲ့ ပြဒါးဓာတ်က
သင့်ရဲ့ အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ပြဒါးဟာ အန္တရာယ်ရှိ
သိပ်သည်းဆမြင့်သတ္တုတစ်မျိုးဖြစ်ပြီး နုနယ်တဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
ပြဒါးပါတဲ့ အသားဖြူဆပ်ပြာတွေကို ကြာရှည်အသုံးပြုတာက နာတာရှည်
အရေပြားရောဂါများ၊ ကျောက်ကပ်ဆိုင်ရာပြဿနာများအပြင် အာရုံကြောကိုပါ
ထိခိုက်စေနိုင်ပါတယ်။ အန္တရာယ်ရှိပါဝင်ပစ္စည်းတွေမပါတဲ့ အရေပြားထိန်းသိမ်း အလှကုန်ပစ္စည်းတွေကိုသာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သုံးသင့်ပါတယ်။
၃။ ရောဂါကူးစက်မှု
တချို့အသားဖြူဆပ်ပြာတွေဟာ ph7 ထက်များတဲ့ အယ်ကာလီ (ဘေ့စ်)
ပါဝင်မှုများတာကြောင့် အရေပြားမှာ မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေကို စွဲကပ်နိုင်စေပါတယ်။
အဆိုပါအလှကုန်ပစ္စည်းတွေ အသုံးပြုပြီး မှိုနဲ့ဘက်တီးရီးယားပိုးမွှားတွေ စွဲကပ်ပြီဆိုရင်
အရေပြားကိုထာဝရမထိခိုက်အောင်နဲ့ တခြားသူတွေကို မကူးအောင်လို့ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။
Ref:
ကျန်းမာရေး, ဗဟုသုတ, အလှအပ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။