Diabetic neuropathy (ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်း)
25-Mar-2019အကျဉ်းရှင်းလင်းချက်
Diabetic
neuropathy ဆိုသည်မှာ ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းဖြစ်သည်။သွေးအချို ဓာတ်များခြင်းသည်ခန္ဓာကိုယ်တွင်းရှိအာရုံကြောမျှင်များကိုထိခိုက်စေသည်။အဓိကအားဖြင့်ခြေဖဝါးနှင့်ခြေချောင်းများ၇ှိအာရုံကြောများကိုထိခိုက်စေ
သည်
ထိခိုက်သည့်အာရုံကြောပေါ်မူတည်၍ခြေလက်များထုံခြင်းနာခြင်းမှအစာချေအဖွဲ့အစည်း၊ဆီးလမ်းကြောင်းရောဂါ၊သွေးကြောများနှင့်နှလုံးကိုပါထိခိုက်စေနိုင်ပါသည်၊တချို့လူများတွင်ရောဂါ
လက္ခဏာအနည်းငယ်သာပြသော်လည်းတချို့တွင်နာကျင်ခြင်း၊ဒုက္ခိတဖြစ်ခြင်းမှသေဆုံးသည်ထိဖြစ်နိုင်ပါသည်
ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းသည်ဆီးချို၏ဆိုးရွားသောနောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။သို့သော်ထိုဆိုးကျိုးကိုကာကွယ်၇န်၊ဖြစ်ပွားခြင်းကိုနှောင့်နှေးစေ၇န်သွေးအချိုဓာတ်ကိုသေချာထိန်းသိမ်းခြင်း၊ကျန်းမာသောလူနေမှုပုံစံအလိုက်နေထိုင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။
လက္ခဏာများ
ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်း
၄ မျိုးရှိသည့်အနက် တချို့သည်ရောဂါလက္ခဏာကိုဖြည်းဖြည်းချင်းပြသော်လည်း တချို့မှာ တော်တော်ထိခိုက်သည်ထိလက္ခဏာများမပြပဲနေတတ်သည်
အာရုံကြောထိခိုက်သည့်နေရာနှင့်အမျိုးအစားပေါ်မူတည်ပြီးအာရုံကြောထိခိုက်ခြင်း
ဧ။်ရောဂါလက္ခဏာသည်ပြောင်းလဲနိုင်သည်။
အရံ(ပင်မမဟုတ်သော)အာရုံကြောအားနည်းရောဂါ
အရံ(ပင်မမဟုတ်သောအာရုံကြောအားနည်းရောဂါ
သည်ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းဧ။် အဖြစ်အများဆုံးပုံစံတစ်မျိုးဖြစ်သည်။သင်ဧ။်ခြေချောင်း၊လက်ချောင်းများသည်အရင်ထိခိုက်နိုင်ပါသည်။လက္ခဏာများသည်ညဘက်တွင်ပိုဆိုးရွားတတ်ပါသည်။လက္ခဏာများမှာ
-ထုံကျဉ်ခြင်း
-မီးလောင်သကဲ့သို့ပူလောင်ခြင်း
-စူးစူးပြီးနာခြင်း၊ကြွက်တက်ခြင်း
-ကြွက်သားအားနည်းခြင်း
-ဟန်ချက်ပျက်ခြင်း
-ခြေထောက်တွင်အနာဖြစ်ခြင်း၊ပိုးဝင်ခြင်းကိုယ်လက်အဂါၤချို့ယွင်းခြင်း၊
အရိုးနှင့်အဆစ်များနာကျဉ်ခြင်း တို့ဖြစ်နိုင်ပါသည်။
အလိုအလျောက်တုံ့ပြန်သောအာရုံကြောစနစ်အားနည်းခြင်း
အလိုအလျောက်တုံ့ပြန်သောအာရုံကြောစနစ်သည်
သင်၏ကိုယ်တွင်းအဂါၤများကို ထိန်းချုပ်ပါသည်။ဆီးချိုသည် ထိုအဂါၤများရှိအာရုံကြောများကိုထိခိုက်စေပြီး
-သွေးထဲရှိအချိုဓာတ်များ
ကျခြင်းကိုမသိရှိနိုင်ခြင်း
-ဆီးမထိန်းနိုင်ခြင်း၊ဆီးပိုးဝင်ခြင်း
-ဝမ်းချုပ်ခြင်း၊ဝမ်းလျောခြင်း၊နှစ်မျိုးလုံးပြိုင်တူဖြစ်ခြင်း
-အစာမျိုရခက်ခြင်း
-ယောက်ျားများတွင်ပန်းသေပန်းညှိုးဖြစ်ခြင်း
-မိန်းမများတွင်မိန်းမကိုယ်ခြောက်သွေ့ခြင်း
-ချွေးထွက်နည်းခြင်း၊များခြင်း
-သွေးပေါင်ချိန်နှင့်နှလုံးခုန်နှုန်း
ကိုမထိန်းနိုင်တော့ခြင်းကြောင့် သွေးပေါင်ရုတ်တရက်ထိုးကျခြင်း တို့ဖြစ်နိုင်ပါသည်။
ကြွက်သားများရှိအာရုံကြောစနစ်အားနည်းခြင်း
ကြွက်သားများရှိအာရုံကြောစနစ်အားနည်းခြင်းသည်
ပေါင်၊ခြေသလုံး နှင့် ခြေထောက်ရှိကြွက်သားများကိုထိခိုက်စေနိုင်သည်၊ထိုရောဂါမျိုးသည်
ဆီးချိုအမှတ် ၂ရှိသူနှင့် အသက်ကြီးသူများတွင် ပိုအဖြစ်များသည်။
လက္ခဏာများသည်အချိန်ကြာသည်နှင့်အမျှအနည်းနှင့်အများပြန်ကောင်းလာတတ်သည်
- ပေါင်၊ခြေသလုံး
နှင့် ခြေထောက်ရှိကြွက်သားရုတ်တရက် နာကျဉ်ခြင်း
-ပေါင်ကြွက်သားများအားနည်းပြီးသိမ်သွားခြင်း
-အထိုင် အထခက်ခြင်း
-ကိုယ်အလေးချိန်ကျခြင်း
တို့ဖြစ်နိုင်ပါသည်။
အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်း
အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်းသည်မျက်နှာ
သို့ ခြေထောက်ရှိ အာရုံကြောကို ထိခိုက်ခြင်းဖြစ်သည်။ များသောအားဖြင့်ရုတ်တရက် ဖြစ်လေ့ရှိပြီး
လူကြီးများတွင်အဖြစ်များသည်။
ပြင်းထန်စွာနာကျဉ်တတ်သော်လည်း
များသောအားဖြင့် နာတာရှည်ရောဂါ မဖြစ်တတ်ပါ။ရောဂါလက္ခဏာများသည်လအနည်းငယ်ကြာ လျှင် သူ့အလိုလို
သက်သာသွားလေ့ရှိသည်၊၊မည်သည့် အာရုံကြောထိသည်ကိုမူတည်ပြီးရောဂါလက္ခဏာများကွဲပြားသွားလေ့ရှိသည်။
ရောဂါလက္ခဏာများမှာ
-အမြင်နှစ်ထပ်မြင်ခြင်း၊အမြင်ဝါးခြင်း
-မျက်နှာတခြမ်းရွဲ့သွားခြင်း
-ခြေထောက်အစိတ်အပိုင်းများနာကျဉ်ခြင်း
-ခါးနှင့်တင်ပဆုံများနာကျဉ်ခြင်း
-ရင်ဘက်နှင့်ဗိုက်များနာကျဉ်ခြင်း
အာရုံကြောတစ်ချောင်းတည်းထိခိုက်အားနည်းခြင်းသည်အာရုံကြော
တစ်ချောင်းတည်းအဖိခံရသောအခါဖြစ်လေ့ရှိသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
သွေးကြောနှင့်အာရုံကြောများကိုထိခိုက်ခြင်း
သွေးထဲတွင်အချိုဓာတ်များခြင်းကအာရုံကြောကိုထိခိုက်စေနိုင်သည်။
သွေးထဲတွင်အချိုဓာတ်များခြင်းသည်အာရုံကြောများကိုအောက်ဆီဂျင်နှင့် အစာအာဟာရများထောက်ပံ့ပေးသော
သွေးကြောများ၏နံရံများကိုလျော့ရဲစေသည်။
အခြားအကြောင်းအရာများ
-အာရုံကြောများရောင်ရမ်းခြင်း
-မျိုးရိုးဗီဇ
-ဆေးလိပ်နှင့်အရက်အလွန်အကျွံသုံးစွဲခြင်း
တို့ကြောင့်ဖြစ်နိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
-ဆီးချိုကိုသေချာမထိန်းသူများ
-ဆီးချိုရောဂါအကြာကြီးရှိသူများ
-ကျောက်ကပ်ရောဂါရှိသူများ
-အဝလွန်သူများ
-ဆေးလိပ်သောက်သူများ
နောက်ဆက်တွဲ ပြဿနာများ
-ကိုယ်အဂါၤဆုံးရှုံးခြင်း
-အဆစ်ပုံပျက်ခြင်း
-ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးမထိန်းနိုင်ခြင်း
-သွေးအချိုဓာတ်ကျခြင်းကိုမသိနိုင်တော့ခြင်း
-သွေးပေါင်ကျခြင်း
-အစာခြေလုပ်ငန်းနှင့်ပက်သက်သောပြဿနာများ
-လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်း
-ချွေးထွက်များခြင်း၊နည်းခြင်း။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
-ခြေထောက်တွင်ဖြစ်သော
အနာများမကျက်ခြင်း၊ပိုးဝင်ခြင်း၊ပိုဆိုးလာခြင်း
-ခြေနှင့်လက်များတွင်
အပူလောင်သလိုခံစားမှုဖြစ်ခြင်း၊ထုံကျဉ်ခြင်း၊အားနည်းခြင်း၊နာကျဉ်ခြင်း
-မူးဝေခြင်း
-အစာခြေခြင်းလုပ်ငန်း၊ဆီးပေါက်ခြင်းနှင့်လိင်မှုကိစ္စများ
လုပ်ဆောင်ရာတွင် အနှောက်အယှက်ဖြစ်ခြင်း
အထက်ပါရောဂါလက္ခဏာများသည်အာရုံကြောထိခိုက်ခြင်းဟုအတပ်မပြောနိုင်သော်လည်း
ကုသမှုလိုအပ်သည့်လက္ခဏာများဖြစ်သည်။
ရောဂါကိုစောစောသိပြီးစောစောကုသခြင်းသည်ဆိုးရွားသည့်နောက်ဆက်တွဲ
လက္ခဏာများကိုကာကွယ်ရာရောက်သည်။
ဆိုးရွားသောအနာများသည်
ပုပ်သွားသည်အထိဆိုးရွားသွားနိုင်သည်။ထိုအခါခြေထောက်ကိုဖြတ်ပစ်ရသည်အထိဆိုးရွားသွားနိုင်သည်။
စောစောစီးစီးကုသခြင်းသည်ထိုနောက်ဆက်တွဲဆိုးကျိုးများကိုကာကွယ်ရာ
ရောက်သည်။
စစ်ဆေးမှုများ
ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းသည်ဆေးခန်းတွင်
ရောဂါရာဇဝင်မေးခြင်း၊စမ်းသပ်ခြင်းဖြင့်အဓိကသိနိုင်ပါသည်။ဆရာဝန်သည် ကြွက်သားများအားအင်ရှိမရှိ၊အလိုအလျောက်တုံ့ပြန်သော
အာရုံကြောစနစ်များ၊အာရုံခံစနစ်များကိုစမ်းသပ်ပါလိမ့်မည်။
အမေရိကန်
ဆီးချိုအဖွဲ့အစည်းကဆီးချိုရှိသူတိုင်းသည် မိမိခြေထောက်ကို သေချာဂရုစိုက်သင့်သည်။ဆရာဝန်
သို့မဟုတ် ခြေဖဝါးအထူးကုနှင့် အနည်းဆုံးတစ်နှစ်တကြိမ် ပြသသင့်သည်။
ကုသခြင်း
ဆီးချိုကြောင့်အာရုံကြောထိခိုက်ခြင်းကိုပျောက်ကင်းအောင်ကုသခြင်းမရှိပါ။ကုသခြင်းတွင်
-ရောဂါဆိုးရွားလာခြင်းကိုနှေးကွေးအောင်လုပ်ခြင်း
-နာကျဉ်မှုသက်သာအောင်ပြုလုပ်ခြင်း
-နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင်ကာကွယ်ခြင်းနှင့်
ပုံမှန်လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန် ပြုလုပ်ခြင်း တို့ပါဝင်သည်။
ရောဂါဆိုးရွားလာခြင်းကိုနှေးကွေးအောင်လုပ်ခြင်း
သွေးထဲရှိအချိုဓာတ်ကိုထိန်းခြင်းသည်ဆီးချိုကြောင့်
အာရုံကြောထိခိုက်ခြင်းကို၇ပ်တံ့နှေးကွေးစေပြီး ရှိပြီးသားရောဂါလက္ခဏာများကိုပင်သက်သာစေသည်။
သင်၏ဆရာဝန်သည်သင့်ရောဂါခြေအနေပေါ်မူတည်၍သင့်သွေးထဲတွင် အချိုဓာတ်မည်မျှရှိသင့်သည်ကို
ဆုံးဖြတ်ပေးပါလိမ့်မည်။
အကြမ်းပျဉ်းအားဖြင့်
-ရောဂါအခံမရှိပဲ
အသက် ၅၉ နှစ် အောက် လူများတွင် ၈၀ မှ ၁၂၀ mg/dl
- နှလုံး၊အဆုတ်နှင့်ကျောက်ကပ်
ရောဂါအခံရှိသူများ (သို့) အသက် ၆၀ ကျော်သူများ တွင် ၁ဝ၀ မှ ၁၄၀ mg/dl အတွင်းရှိသင့်ပါသည်။
အာရုံကြောထိခိုက်မှုကိုနှေးကွေးစေရန်
-သင်၏ဆရာဝန်ပြောသည့်အတိုင်း
ခြေထောက်ကိုသေချာစွာ ဂရုစိုက်သင့်သည်
-သွေးပေါင်ကိုသေချာထိန်းရမည်
-ကျန်းမာသောစားသောက်မှုအတိုင်းစားရမည်
-လေ့ကျင့်ခန်းမှန်မှန်လုပ်ရမည်
-ကိုယ်အလေးချိန်ထိန်းရမည်
-ဆေးလိပ်ဖြတ်ရမည်
-အရက်ဖြတ်ရမည်
နာကျဉ်မှုသက်သာအောင်ပြုလုပ်ခြင်း
အနာသက်သာရန်သုံးသည့်ဆေးအများကြီးရှိသည့်အနက်
တချို့မှာဘေးထွက်ဆိုးကျိုးများခြင်း၊တချို့မှာ လူတိုင်းအတွက်အသုံးပြု၍မရခြင်းတို့ကြောင်
့ အကျိုးနှင့်ဆိုးကျိုးကိုချိန်ပြီးမှ သုံးသင့်သည်။
နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင်ကာကွယ်ခြင်းနှင့်
ပုံမှန်လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်ရန် ပြုလုပ်ခြင်း
-အာရုံကြောထိခိုက်မှုအတွက်ကုသနည်းများမှာ
-ဆီးလမ်းကြောင်းပြဿနာများအတွက်ဆီးအောင့်မထားပဲ
ပုံမှန်ပေါက်အောင်အလေ့အကျင့်ပြုလုပ်ခြင်း၊ကြွက်သားများညှစ်ခြင်းကိုသက်သာအောင်ပြုလုပ်ပေးသည့်ဆေးများပေးခြင်း
အစာခြေလုပ်ငန်းနှင့်ပက်သက်သော ပြဿနာများဖြစ်သည့်အစာအကြေခြင်း၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊လေတက်ခြင်း၊မူးခြင်း၊အော့အန်ခြင်းများအတွက်
အစာကိုနည်းနည်းနှင့်ခဏခဏစားခြင်း၊အစာထဲတွင်အမျှင်ဓာတ်နှင့် အဆီဓာတ်များလျော့စားခြင်း
နှင့် ဟင်းချိုများ များများသောက်ခြင်းတို့ပြုလုပ်နိုင်ပါသည်။
ကိုယ်အနေအထားအရသွေးပေါင်ကျခြင်းတို့အတွက် အရက်လျော့သောက်ခြင်း၊ရေများများသောက်ခြင်း၊အထိုင်အထလုပ်လျှင်ဖြည်းညှင်းစွာလုပ်ခြင်းတို့လုပ်ရပါမည်။
လိင်ကိစ္စပြဿနာများအတွက် အမျိုးသားများအတွက်ဆေးရှိသော်လည်း
ထိုဆေးများသည်လူတိုင်းအတွက်အကျိုးမရှိခြင်း၊ဘေးဖြစ်ခြင်းတို့ရှိပါသည်။ ယောက်ျားအဂါၤအတွက်
လေစုပ်ကိရိယာများ ဖြင့်သွေးစီးများအောင်ပြုလုပ်နိုင်ပါသည်။ မိန်းမများတွင်မိန်းမကိုယ်ခြောက်သွေ့မှုအတွက်
ချောဆီများသုံးနိုင်ပါသည်။
ကာကွယ်ခြင်း
-ဆီးချိုရှိသူသည်မိမိသွေးထဲရှိအချိုဓာတ်ကိုသေချာထိန်းရပါမည်
-ဆီးချိုရှိသူသည်မိမိခြေထောက်ကိုအနာမဖြစ်စေရန်အထူးဂရုစိုက်ရပါမည်
ခြေထောက်တွင်အနာရှိမရှိနေ့တိုင်းကြည့်ပါ
ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့စွာထားပါ
ခြေသည်းများကိုဂရုတစိုက်ညှပ်ပါ
သန့်ရှင်းခြောက်သွေ့သောခြေအိတ်များကိုသာဝတ်ဆင်ပါ
ပျော့ပြောင်းပြီးတော်သောဖိနပ်များသာဝတ်ပါ
Ref : Myo Clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။