ကလေးမွေးပြီးစ မိခင်များ ကျန်းမာရေး ကောင်းမွန်စေရန်
09-Apr-2019မိခင်ကလေး တစ်ယောက်ကို ကိုးလလွယ် ဆယ်လဖွား ပြီးချိန်မှာ
ခန္ဓာကိုယ်တစ်ခုလုံး သင့်တော်တဲ့ အစားအသောက်တွေစားပြီး စွမ်းအင်ပြည့်ဝစေဖို့နဲ့ မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်နိုင်ဖို့ အာဟာရပြည့်ပြည့်ဝဝ စားပေးဖို့လိုပါတယ်။
ဒီလို အာဟာရပြည့်ဝနေမှသာ ကလေးထိန်းနေချိန်မှာ စိတ်ဖိစီးမှုကင်းနေပါလိမ့်မယ်။
(၁)ကိုယ်အလေးချိန် လျှော့ချပါ
ကိုယ်ဝန်ဆောင် ကလေးမွေးပြီး ျိန်မှာ ကိုယ်အလေးချိန်က အဆမတန်
မြင့်တက်နေတတ်ပါတယ်။ ကလေး မွေးပြီးချိန် တစ်လမှာ ကိုယ်အလေး
ချိန်နှစ်ပေါင်-လေးပေါင်လောက် လျော့ကျဖို့လိုပါတယ်။ တစ်လမှာ ကိုယ်အလေးချိန် ငါးပေါင်ထက်ပိုပြီး
လျော့ကျတာက နုံးတာနဲ့ အာဟာရချို့တဲ့မှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို
ချက်ချင်းအမြန် လျော့ကျအောင် မလျှော့ချသင့်ပါ။
(၂) မိခင်နို့ချို တိုက်ကျွေးပါ
မိခင်နို့ချိုတိုက်ကျွေးတာက ကလေးရဲ့ ကိုယ်ခံစွမ်းအားစနစ်
ကောင်းမွန်ဖို့ကနေ ဘဝရဲ့နောက်ပိုင်းအချိန်မှာ အဝလွန်အန္တရာယ် လျော့ကျစေဖို့အထိ အရေးပါပါတယ်။
ကလေးငယ်ကို မိခင်နို့ချို တိုက်ကျွေးတာက မိခင်အတွက် ရင်သားကင်ဆာ၊ မမျိုးဥအိမ်ကင်ဆာ၊
အရိုးပါးရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါ တယ်။ ဒါ့အပြင် မိခင်နို့ချိုတိုက်ကျွေးတာကြောင့်
ကိုယ်ဝန်မဆောင်ခင်ကလို ကိုယ်အလေးချိန်ကို ပြန်ရဖို့ အားပေးနေပါတယ်။
(၃) ရေဓာတ်ပြည့်ဝအောင်နေပါ
နေ့မှာ အရည်များများသောက်ပါ။ ရေ၊ နွားနို့၊ သစ်သီးဖျော်ရည်နဲ့
ကဖင်းဓာတ် ပါဝင်မှုနည်းတဲ့ တခြားအရည်တွေကို များများသောက်ပေးဖို့ လိုပါတယ်။
(၄) အာဟာရဖြည့် တင်းပါ
မိခင်နို့ထဲက ကယ်လိုရီဟာ မိခင်ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့
အဆီကနေ ရလာတာဖြစ် ပါတယ။် ဒါကြောင့် တစ်နေ့မှာ ကယ်လိုရီ အနည်းဆုံး ၁၈ဝဝ စားပါ။ အစားအသောက်ကို
ရှောင်စရာ မလိုပါဘူး။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊
ကောက်နှံတစ်ခု လုံးနဲ့ လုပ်ထားတဲ့အစာ၊ နို့နဲ့ နို့ထွက်ပစ္စည်း
စတာတွေ အစုံအလင်ပါဝင်အောင် စားပေးပါ။ ဒီလို အာဟာရ အစုံအလင် မစားပေးရင် အာဟာရ ချို့တဲ့မှုကို
ဖြစ်စေနိုင်ပြီး နို့ထွက်နှုန်းနည်းကာ ကိုယ်အလေးချိန် အမြန်လျော့ကျနိုင်ပါတယ်။
(၅) သတိထားပါ
မိခင်နို့ချိုတိုက်ကျွေးနေစဉ်မှာ ဆေးဝါး တွေကို ဆရာဝန်ညွှန်ကြားချက်ပါမှသောက်ပါ။
နီကိုတင်း၊ အယ်လ်ကိုဟောနဲ့ ကဖင်း ဓာတ်တွေကိုလည်း ရှောင်ဖို့လိုပါတယ်။ ကော်ဖီ ကြိုက်ရင်တစ်နေ့မှာ
ကဖင်းပါတဲ့အရည်ကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။
(၆) ဖြည့်စွက်စာများ မှီဝဲပါ
မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ အာဟာရလိုအပ်မှုက မြင့်တက်လာပါတယ်။
အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားနေတဲ့အပြင် အာဟာရအပိုတွေကိုလည်း ဖြည့်တင်းပေးဖို့
လိုပါတယ်။ ဒါကြောင့် မိခင်နို့ချိုတိုက်ကျွေးနေစဉ်မှာ ကိုယ်ဝန်ဆောင် ဖြည့်စွက်ဆေး ဒါမှမဟုတ်
မာလ်တီဗီတာမင်အားဆေးကို မှီဝဲဖို့ လိုပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီ အပိုကိုလည်း မှီဝဲပေးသင့်ပါတယ်။
လေ့လာမှုတွေအရ အိုမီဂါ ၃ ဖက်တီး အက်စစ်ကို မှီဝဲပေးရင်လည်း ကောင်းကျိုးတွေ အများကြီးကို
ရရှိနိုင်တယ်လို့ သိရပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA (Docosahexaenoic acid) လည်း
လိုအပ်တာကြောင့် တစ်နေ့ ၃ဝဝ မီလီဂရမ် မှီဝဲပေးနိုင်ပါတယ်။ သင့်တော်တဲ့ အာဟာရကို မှီဝဲပြီး
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးကာ မိသားစုကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။
Credit : ကြ ယ် စ င်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။